တစ်ခေတ်မှာနာမည်ကြီးလူကြိုက်များခဲ့တဲ့ အမျိုးသမီးဆပ်ကပ်ပညာရှင် အာဇာနည်ဒေါ်စန်းစန်း ကွယ်လွန်သွားလို့ ဝမ်းနည်းနေကြတဲ့ ပရိသတ်များ

//s9.kh1.co/4b/4bfc81172964514b1bc945e1f8580b02fc22127e.jpeg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

တစ်ခေတ်မှာနာမည်ကြီးလူကြိုက်များခဲ့တဲ့ အမျိုးသမီးဆပ်ကပ်ပညာရှင် အာဇာနည်ဒေါ်စန်းစန်း ကွယ်လွန်သွားလို့ ဝမ်းနည်းနေကြတဲ့ ပရိသတ်များ

တစ်ခေတ်တစ်ခါကတည်းက ဇာတ်ပွဲတွေ၊ဆပ်ကပ်ပွဲတွေမှာဆိုရင် ညလုံးပေါက်အထိ လူတွေကြိတ်ကြိတ်တိုးအားပေးကြည့်ရှုကြတာပဲဖြစ်ပါတယ်။ဆပ်ကပ်ပွဲတွေမှာဆိုရင် ဆပ်ကပ်ပညာရှင်တွေက အသက်ကိုတောင်စွန့်စားပြီး ဆန်းသစ်တဲ့မြင်ကွင်းအမျိုးမျိုးကို ဖန်တီးကြတာဖြစ်ပါတယ်။ဒါ့အပြင် ဆပ်ကပ်ပွဲတွေဆိုတာ လူတွေကိုပျော်ရွှင်၊အံ့ဩအောင် ဖျော်ဖြေပေးနေတဲ့ပွဲတွေပဲဖြစ်ပါတယ်။အာဇာနည်စန်းစန်းဆိုတဲ့ အမျိုးသမီးဆပ်ကပ်ပညာရှင်ကလည်း ဟိုးအရင်တုန်းကဆိုရင် အရမ်းနာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြန်မာ့ဆပ်ကပ်ပညာရှင်ကြီး ဒေါ်စန်းစန်းကတော့လွန်ခဲ့တဲ့နှစ်များစွာကတည်းက "အာဇာနည်စန်းစန်း" ဆပ်ကပ်အဖွဲ့ကြီးကို ဦးစီးခဲ့တာဖြစ်ပါတယ်။အာဇာနည်စန်းစန်းရဲ့ ကြိုးတန်းပေါ်လမ်းလျှောက်ပြတဲ့ ပြကွက်ကို လူတွေအများအပြားကကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ဒေါ်စန်းစန်းက သူမရဲ့ဆပ်ကပ်အဖွဲ့ကြီးကို မသေဆုံးခင်အချိန်ထိ သေချာကြီးကြပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ကိုသွားရောက်၍ လှည့်လည်ဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး အရမ်းတော်တဲ့အမျိုးသမီးဆပ်ကပ်ပညာရှင် ဒေါ်စန်းစန်းက စက်တင်ဘာလ (၁၃)ရက်နေ့မှာဧရာဝတီတိုင်း၊လေးမျက်နှာမြို့တွင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူမကွယ်လွန်ချိန်မှာ အသက် (၇၃)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။အာဇာနည်ဒေါ်စန်းစန်းကတော့ တစ်ခေတ်တစ်ခါမှာ လူကြိုက်များခဲ့တဲ့ ဆပ်ကပ်ပညာရှင်ကြီးတစ်ယောက်ဖြစ်လို့ အခုလိုကြွေလွင့်သွားတဲ့အတွက် ပရိသတ်တွေလည်း ကျန်ရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T