အသက် (၇၀)ကျော် သီလရှင်ဆရာကြီးအတွက် လိုအပ်တဲ့၀တ္ထုငွေတွေနဲ့ ဆေးဝါးတွေသွားရောက်လှူဒါန်းခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/36/360ceee3580133e0f5d20fbfa13052c3482d09a2.jpg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော အခြေအနေမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေဟာ အကြပ်အတည်းတွေ ရှိလာနေပြီး ခက်ခက်ခဲခဲရှာဖွေစားသောက်နေကြရတာလည်းဖြစ်ပါတယ်။ သံဃာတော်တွေနဲ့ သီလရှင်ဆရာလေးတွေလည်း ဆွမ်းအခက်အခဲတွေရှိလာနေသလို လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေနဲ့ ၀တ္ထုငွေအခက်အခဲ တစ်ချို့လည်း လိုအပ်နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=868,q=100/71/714b38f1d21353d8414e2faca262ba8d2dca8ab8.jpg
https://s9.kh1.co/__image/w=650,h=487,q=100/84/8402f740460bcbf7d331455078132a6f0da31fbd.jpg

မင်းသမီးချော ဘေဘီမောင်ကတော့ အလှူအတန်းနဲ့ပက်သက်လာရင် ရက်ရက်ရောရောလှူဒါန်းကူညီတတ်တဲ့သူလည်း ဖြစ်တာကြောင့် အခုလိုခက်ခဲနေတဲ့ကာလမှာလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း သက်တော် (၇၀)ကျော်နေပြီဖြစ်တဲ့ သုခိတာရာမ‌ကျောင်းတိုက်မှ သီလရှင်ဆရာတော်ကြီး ဒေါ်သီတလအား သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/fa/faa74a9167529f341bc25f36076c74b85cbe30db.jpg

၀တ္ထုငွေအပါအ၀င် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ငှက်သိုက်တွေလှူဒါန်းပေးခဲ့တာဖြစ်ပြီး လှူဒါန်းမှုပုံရိပ်လေးတွေကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ တင်ပေးလာခဲ့ပါတယ်။ အခုလို စေတနာထက်သန်လွန်းတဲ့ ဘေဘီမောင်အတွက်လည်း ပရိသတ်တွေက သာဓုခေါ်ပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/f4/f4027e6421622d2a4de41b09561f6a346be68cdc.jpg
https://s9.kh1.co/__image/w=650,h=487,q=100/dd/dd1911cd2ac33ec46548886e6ce09738a0467046.jpg

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T