တစ္ဆေကြောင်ကြီးလို့ပြောကြတဲ့ မီးပြတိုက်ထဲက မီးခိုရောင်ကြောင်ကြီး

//s9.kh1.co/b5/b521c9b60d9635ca03d7ebed1cd45a51b8ffa1c6.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံသား ကပ္ပတိန်ဂျိုးဆက်ဘတ်ကော့ဆိုသူဟာ ၁၉၂၀ခုနှစ်မှက အိုဟိုင်းယိုးပြည်နယ်မှာ Fairport Harbor လို့အမည်ရတဲ့မီးပြတိုက်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

ဂျိုးဆက်ဟာ မီးပြတိုက်မှာပဲ သူ့ဇနီးသည် မယ်ရီ၊ သူ့ကလေးများဖြစ်ကြတဲ့ ဟေတီ၊ ရိုဘီတို့နဲ့အတူနေထိုင်ခဲ့ကြပြီး တနေ့မှာတော့ စိတ်မကောင်းစရာ အကြောင်းအရာတွေဟာ သူတို့မိသားစုဆီကိုရောက်လာပါတော့တယ်။

ဂျိုးဆက်ရဲ့ သမီးလေးရိုဘီဟာ အသက်၅နှစ်ရောက်တဲ့အခါမှာ အပြင်းအထန်ဖျားနာဝေဒနာခံစားနေရပီး ဆုံးပါးသွားခဲ့ရရှာပါတယ်။

ရိုဘီလေးရဲ့မိခင်ဟာလည်း သမီးလေးအတွက်နဲ့ စိတ်ထိခိုက်ပီး အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ရပါတော့တယ်။

https://s9.kh1.co/__image/w=600,h=374,q=100/b9/b99734fe95b4f95320adef81593ac22460f68f13.jpg

ဒါ့ကြောင့်ကပ္ပတိန်ဂျိုးဆက်ဟာ သူ့ဇနီးသည် စိတ်ချမ်းသာစေဖို့သူ့ဇနီးချစ်မယ်လို့ထင်ရတဲ့ ကြောင်းလေးတွေကို ၀ယ်လာပေးခဲ့ပါတယ်။ အာ့ဒီကြောင်းလေးတွေထဲမှာမှ မီးခိုးရောင်ကြောင်လေးတစ်ကောင်ဟာ အိပ်ရာထဲလဲနေတဲ့ ဂျိုးဆက်ရဲ့ဇနီးသည်အနားမှာသာ အမြဲတမ်းနေပါတယ်။ဇနီးသည်မယ်ရီ ဆုံးပါးသွားတဲ့အခါမှာ အခြားကြောင်များဟာ မီးပြတိုက်ထဲမှာဆက်နေကြပေမဲ့လည်း ဂျိုးဆက်ရဲ့ ဇနီးသည်အနားမှာနေလေ့ရှိတဲ့ မီးခိုးရောင်ကြောင်လေးကတော့ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။

ဇနီးသည်ဆုံးပါးသွားပီးနောက် ဂျိုးဆက်ဟာ မီးပြတိုက်ကနေ (၁၀)စုနှစ်တစ်ခုကျော် ကြာလောက်တဲ့အထိ ထွက်သွားခဲ့ပီး နှစ်တော်တော်ကြာသွားမှပြန်လာခဲ့ပါတယ်။

ပြန်ရောက်လာပီးတဲ့အခါမှာတော့ ဂျိုးဆက်ဟာမီးပြတိုက်ကြီးကို ပြတိုက်အဖြစ်််ပြန်လည်ပြုပြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/99/99fcd6aca2a107eebefd7a9394b6880ce181b776.jpg

ပြတိုက်အဖြစ်ပြောင်းလဲပီးတဲ့နောက် လာရောက်လည်ပတ်သူများဟာ ပြတိုက်ထဲမှာ မီးခိုးရောင်ကြောင်တစ်ကောင်ကို မကြာခဏတွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကြောင်အော်သံများ၊ ကြောင်ခုန်ချသံများကိုလည်း ကြားခဲ့ရပီး ဒီကြောင်ဟာဂျိုးဆက်ဇနီးသည်သေဆုံးသွားပီးနောက် ပျောက်ဆုံးကာသေဆုံးသွားတဲ့ကြောင်ဖြစ်နိုင်မယ်လို့ယုံကြည်ကျပီး ကြောင်ရဲ့နာမည်ကိုလည်း ဆန်တီနယ်လို့အမည်ပေးခဲ့ကြပါတယ်။

ကြောင်တစ်ကောင်ရဲ့သက်တမ်းဟာ အများဆုံး၈နှစ်ကနေ ၁၀နှစ်အတွင်းသာရှိတဲ့အတွက် ဒီကြောင်ဟာ တစ္ဆေကြောင်ဖြစ်မယ်လို့လူတွေက ကောက်ချက်ချခဲ့ကြပါတယ်။

(၂၀၀၁)ခုနှစှ်ရောက်ချိန်မှာ ပြတိုက်ကြီးကို လေအေးပေးစက်ကစပီး အစအဆုံးတပ်ဆင်အဆင့်မြှင့်တင်ခဲ့ချိန်မှာ အလုပ်သမားတစ်ဦးဟာ ကြောင်သေတစ်ကောင်ကို ခလုတ်တိုက်မိခဲ့ပြီး အဲဒီခလုတ်တိုက်မိတဲ့ကြောင်ဟာ မီးခိုးရောင်ကြောင်ဖြစ်နေတာကို ထူးဆန်းစွာတွေ့လိုက်ရပါတယ်။ ပိုပီးထူးဆန်းတာက ဒီဖြစ်ရပ်အပီး ပြတိုက်အတွင်းကြောင်တစ္ဆေခြောက်ခြင်းများ မတွေ့ကြုံရတော့တာကြောင့် တစ္ဆေကြောင်ကြီးဟာ ဘဝကူးပြောင်းသွားပီလို့မှတ်ယူခဲ့ကြပါတယ်။ဒါ့အပြင် ထူးခြားချက်နောက်တစ်ခုက အဲဒီတစ္ဆေကြောင်ကြီးရဲ့ရုပ်ကျွင်းဟာ ကျန်ရစ်ခဲ့တာဖြစ်ပီး ဒီသတင်းဟာဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရပါတယ်။ယခုအချိန်မှာတော့ အဆိုပါကြောင်ရုပ်ကြွင်းကို အမှတ်တရရုပ်ကြွင်းအဖြစ်ထားရှိဖို့ တာဝန်ရှိသူများ စီစဉ်ခဲ့ကြပီး၊ ပြတိုက်ကြီးဟာယနေ့တိုင်စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိနေပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=451,q=100/c4/c4a9bf64fba087cab05c1a9f6ebc6554016827d2.jpg
https://s9.kh1.co/__image/w=600,h=450,q=100/e1/e1e19544026a2ad3c025be6ffb5b88d36dc854cc.jpg

သတင်း အရင်းအမြစ်Rockthelake

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T