နမ့်ခမ်းမြို့နယ်အတွင်း နယ်မြေကျူးကျော်လာခတ်တဲ့ တရုတ်ဘက်က ခြံစည်းရိုးများကို ဒေသခံပြည်သူများက သွားရောက်ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/4f/4fe283899fa63d7ea502365bd6e91d6e6ec9d5b1.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာ - တရုတ် နယ်စပ်တွေမှာ တရုတ်ဘက်ကနေ နယ်မြေကျူးပြီး ခြံစည်းရိုးကာရံမှုတွေဟာ မကြာခဏဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေနဲ့ တင်းမာမှုရှိခဲ့တာ တွေ့ရပါတယ်။ ယခုမှာလည်း တရုတ်ဘက်အခြမ်းက စည်းကျော်ပြီး ခြံစည်းရိုးလာခတ်တာကြောင့် ဒေသပြည်သူတွေက သွားရောက်ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Nang Mwe Onn
Photo Credit - Nang Mwe Onn
Photo Credit - Nang Mwe Onn
Photo Credit - Nang Mwe Onn

ဖြစ်စဥ်မှာ နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်ကျေးရွာ အနီးတွင် မြန်မာဘက်ခြမ်းကို တရုတ်ဘက်က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးလာခတ်တာကြောင့် စတင်ဘာလ (၁၂) ရက်နေ့ ညနေ (၆) နာရီအချိန်မှာ ဒေသခံပြည်သူ (၁၀၀) ခန့်က သွားရောက်ပြီး ခတ်ထားတဲ့ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဘက်က ခြံစည်းရိုးများကို (၂)ထပ်ကာရံထားတာဖြစ်ပြီး ဒုတိယအကြိမ်မှသာ မြန်မာဘက်ခြမ်းကို ဝင်ရောက်ကာရံခဲ့တာလို့ သိရပါတယ်။

Photo Credit - Nang Mwe Onn
Photo Credit - Nang Mwe Onn

တရုတ်ဘက်ခြမ်းမှ ခြံစည်းရိုးမခတ်ခင်ကာလတွင်းမှာလည်း ဒေသခံအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့်လည်း ယခုတစ်ခါ ခြံစည်းရိုးများကျူးကျော်ခတ်လာတာ ဖြစ်ပါတယ်။ ဘိုးဘွားပိုင် နယ်မြေတွေဖြစ်တဲ့ မြန်မာဘက်ခြမ်းကို တရုတ်ဘက်က လာခတ်ခဲ့တဲ့ ခြံစည်းရိုးများအား သွားရောက်ဖျက်စီးခဲ့တဲ့ ပြည်သူတွေရဲ့ ရုပ်သံဖိုင်ကို ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Nang Mwe Onn

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T