မာလီအမျိုးသမီးတစ်ဦးမှ ကလေးကိုးယောက်ကို တစ်ခါထဲ မွေးဖွားနိုင်ခဲ့တဲ့ ရှားပါးဖြစ်ရပ်

//s9.kh1.co/9e/9e141f4bf728618526051232f4f1fb91cf84a23f.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Halima Cissé ဟာ Morocco မှာ ကလေး ကိုးယောက်ကို တစ်ခါထဲ မွေးဖွားနိုင်ခဲ့ပါတယ်။ မာလီသမ္မတဟာလည်း ဒီကိစ္စကြောင့် အထူးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး သူကိုယ်တိုင် လာရောက်တွေ့ခဲ့ပါတယ်။ " ကျွန်တော်အရမ်းပျော်ပါတယ်၊ ကျွန်တော်မိန်းမရော ကလေးတွေပါ အဆင်ပြေကြပါတယ် " ဆိုပြီး ယောက်ျားဖြစ်သူက ပြောပြခဲ့ပါတယ်။ ကလေးတွေကတော့ မိန်းကလေး ၅ ယောက်ဖြစ်ပြီး ယောက်ျားလေး ၄ ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=371,q=100/66/6653a7592e70561dcc84e799c4e0eaf7864c035b.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/8d/8df26a4a334d598fb62ab99566ebf02246d19805.jpg

၂၀၀၉ ခုနှစ်တုန်းက ကလေး ၈ ယောက် တစ်ခါထဲ မွေးခဲ့တဲ့ US က အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးစဉ် အများဆုံး မွေးဖွားနိုင်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ကို တင်ထားနိုင်ခဲ့ပါတယ်။ ကလေးကိုးယောက်ကို တစ်ခါထဲ မွေးဖွားတဲ့ဖြစ်စဉ်ဟာ နှစ်ခုရှိခဲ့ပါတယ်။ တစ်ခုကတော့ ၁၉၇၁ ခုနှစ်က Australia ကအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နောက်တစိခုက ၁၉၉၉ တုန်းက Malaysia ကအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပဲ ရက်အနည်းငယ်လောက်သာ နေနိုင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/52/52c7fcbf3fde040d89e085ef3d7a685f34eb5173.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/46/4688a8834f6b4d1db30864a87632446da6ed87c9.jpeg

ကလေး၈ယောက်မွေးပြီး စံချိန်တင်ထားတဲ့ Nadya Suleman ရဲ့ ကလေးတွေဟာဆိုရင် ခုချိန်မှာ အသက် ၁၂နှစ်ရှိနေပြီဖြစ်ပါတယ်။ မာလီကျန်းမာရေး၀န်ကြီး Fanta Siby က "ပျော်ရွှင်စရာရလဒ်" အတွက်မာလီနှင့်မော်ရိုကိုရှိ ဆေးအဖွဲ့များကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အင်မတန်ကိုမှ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိသားစုဟာလည်း လူတိုင်းရဲ့ နွေးထွေးဆက်ဆံမှုကို ရရှိခဲ့ပါတယ်။ သမ္မတတောင်မှ သူတို့ကိုလာရောက်တွေ့ပေးခဲ့ပါတယ်။ ခုလိုကလေးအများကြီးကို တစ်ခါထဲ မွေးဖွားတဲ့ဖြစ်စဉ်ဟာ မိခင်ရော ကလေးတွေအတွက်ပါ စွန့်စားရာကျပါတယ်။ ခုလိုအဆင်ပြေပြေနဲ့ မွေးဖွားလာတယ်ဆိုတာ တကယ်ကံကောင်းလို့ပဲလို့ ဆရာ၀န်တစ်ယောက်က ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/92/92933309791d081680e22b691ad9b5820e0abb46.jpg

သတင်း အရင်းအမြစ်BBC

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T