တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသမီး (၁၂)ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/0f/0fc97c313113a3d31c75ce1ef279b25fe7743807.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံက အာဏာပိုင်တွေကတော့ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကျပ်စွာချထားပြီး တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမှုတွေ ပိုမို ပြုလုပ်လာတာ တွေ့ရပါတယ်။ ဒီလို ဖမ်းဆီးမှုတွေရှိနေတဲ့ ကြားကနေ မကြာခဏဆိုသလို မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရတာတွေ ရှိလာခဲ့ပါတယ်။

Photo Credit - SAQ
Photo Credit - SAQ

ယခုမှာလည်း ထိုင်းသတင်းတချို့မှာ တရားမဝင်လာတဲ့ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေကို အာဏာပိုင်တွေက ဖမ်းဆီးမိကြောင်း ရုပ်သံဖိုင်တစ်ခု ဖော်ပြခဲ့ပါတယ်။ တရားမဝင်လာတဲ့သူတွေဟာ အမျိုးသမီး (၁၂) ဦးဖြစ်ပြီး ၎င်းတို့က မဲဆောက်-မြဝတီနယ်စပ် မူ(၃) ထာ့ဆိုင်လွတ်ကျေးရွာအုပ်စု၊ မဲဆောက်ဘက်ခြမ်း တာ့ခ်ခရိုင်က တောတွင်းတစ်နေရာမှာ နယ်စပ်ဖြတ်ကျော်ဖို့ ပုန်းအောင်းနေကြရင်း အမှတ် (၄) ခြေလျင်တပ်ရင်း နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - SAQ
Photo Credit - SAQ

ရုပ်သံဖိုင်မှာတော့ တောလမ်းခရိီးဖြင့် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအမျိုးသမီး(၁၂)ဦးကို မြက်ပင်တွေထူထပ်တဲ့ကြားကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ဖမ်းဆီးထားတဲ့ မြန်မာအမျိုးသမီး(၁၂)ဦးကို ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့နယ်ရှိ အားကစားကွင်း အမှတ်(၅) ကိုဗစ်ယာယီဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်လာတဲ့ မြန်မာအမျိုးသမီး(၁၂)ဦးအား ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင်ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - SAQ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T