သူ့ကြောင့် ရုတ်တရက်လဲကျသွားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသမီးဆီကို အပြေးသွားရောက်ပြီး ကြည့်ရူကာ အင်္ကျီလက်ဆောင်ပေးခဲ့တဲ့ စီရိုနယ်ဒို

//s9.kh1.co/21/21217069848a6bc3ace968f1aba00041abbf4cbf.jpg
အားကစားသတင်းများ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

သူ့ကြောင့် ရုတ်တရက်လဲကျသွားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသမီးဆီကို အပြေးသွားရောက်ပြီး ကြည့်ရူကာ အင်္ကျီလက်ဆောင်ပေးခဲ့တဲ့ စီရိုနယ်ဒို

စက်တင်ဘာလ(၁၄)ရက်နေ့ မနေ့ညကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယန်းဘွိုင်းအသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ စီရိုနယ်ဒိုတစ်ယောက် ပွဲထွက်ကစားခဲ့ပြီး မန်ယူအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ စီရိုနယ်ဒိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝမ်ဘာဆာကာတစ်ယောက် အနီကတ်နဲ့ အထုတ်ခံရသလို လင်ဂတ်ရဲ့ အမှားတစ်ခုကြောင့်လည်း မန်ချက်စတာယူနိုက်တက်အသင်းတို့ နှစ်ဂိုး တစ်ဂိုးနဲ့ ယန်းဘွိုင်းအသင်းကို အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စီရိုနယ်ဒိုတစ်ယောက် အဆိုပါပွဲစဥ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းနေခဲ့ပြီး သူကန်လိုက်တဲ့ ဘောလုံး​က လုံခြုံရေးဝန်ထမ်းအမျိုးသမီးတစ်ဦးကို ထိမှန်သွားကာ လဲကျသွားခဲ့ပါတယ်။ စီရိုနယ်ဒိုတစ်ယောက်  သူ့ကြောင့် လဲကျသွားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသမီးဆီကို ချက်ချင်းအပြေးအလွှား သွားရောက်ပြီး ကြည့်ရူခဲ့ပါတယ်။ လူသားဆန်မှု၊  တစ်ဦးနဲ့ တစ်ဦးအပေါ် လေးစားမှုကို ပြသခဲ့တဲ့ စီရိုနယ်ဒိုရဲ့ အဆိုပါလုပ်ရပ်အား ပရိသတ်တွေအများအပြားက ချီးကျူးနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စီရိုနယ်ဒိုကတော့ ဘောလုံးထိမှန်သွားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသမီးကို အားကစားအင်္ကျီလက်ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ လက်ဆောင်ရရှိတဲ့ စီရိုနယ်ဒိုရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ အဆိုပါဝန်ထမ်းအမျိုးသမီးရဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်စာမျက်နှာထက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ စီရိုနယ်ဒိုဆီကနေ အားကစားအင်္ကျီလက်ဆောင်ရရှိလို့ ပြုံးပျော်ရွှင်နေတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T