နာမည်ကျော်ဗေဒင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာဇင်ယော်နီ သတင်းပေး သူလျိုလက်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရ

//s9.kh1.co/af/af5991c478be7ac5f79748b90b6e66c2a90beb0b.png
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပြည်သူ့ဖက်ကရပ်တည်ခဲ့တဲ့ ဆရာဇင်ယော်နီဟာ ယနေ့သြဂုတ်လ (၁၅) ရက်နေ့မှာဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ဗေဒင်အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရသိရှိရပါတယ်။ အာဏာရှင်အားပေးဖြစ်ကြောင်း ဝိုင်းဝန်းစွပ်စွဲခဲ့ကြသလို " ပြည်သူ့ဖက်ကရပ်တည်တာမှန်ကန်တယ်ဆိုရင် အခုချိန်ထိ ဘာကြောင့် အဖမ်းမခံရသေးတာလဲ " ဆိုတဲ့ဝေဖန်ချက်တွေဟာ တစ်ဖက်လူအတွက်တော့ အတော်လေးထိခိုက်ရလွန်းပါတယ်။ အန္တရာယ်ကိုကြိုမြင်တာကြောင့် ဘေးလွတ်ရာကိုရှောင်တိမ်းနေ ခဲ့ပေမယ့် သတင်းပေးသူကြောင့် လက်ရှိမှာတော့ဖမ်းဆီးခံလိုက်ရပါပြီ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

အာဏာမသိမ်းခင်ကတည်းက (၂၀၂၁) ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့အရေးကို အတိအကျ ဟောပြောခဲ့တဲ့ ဆရာလင်းညို့တာရာဖမ်းဆီးခံရခြင်း (၇) လနဲ့ (၁) ရက်ပြည့်တဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။ တတ်သိနားလည်တဲ့ လောကီပညာရှင်နှစ်ဦး အခုလိုအချုပ်အနှောင်ခံရတာ တကယ်ကိုစိတ်မကောင်းဖြစ်မိ ကြောင်း ပြည်သူတွေက ဝိုင်းဝန်းပြီးမှတ်ချက်ရေးသားခဲ့ကြပါတယ်။ ပြည်သူ့ကောင်းကျိုးအတွက် အမြဲလိုလို ယတြာလေးတွေရေးသားပေးခဲ့ကြသူတွေမို့ အချုပ်အနှောင်တွေကနေလည်း အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပေးနေခဲ့ကြပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကြောင့် ခင်မင်ရသူတွေကဖုန်းတွေဝိုင်းဆက်ကြပေမယ့် လက်ရှိမှာတော့လုံးဝဆက်သွယ်လို့မရတော့ဘဲ တကယ်ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ခင်မင်ရသူတွေရဲ့ပြောပြချက်အရသိရပါတယ်။ ပြည်သူတွေအတွက်ကောင်းကျိုးပြုနေတဲ့ ပညာရှင်တစ်ယောက် အန္တရာယ်ကြီးကြီးမားမားမကျရောက်ဘဲ ဘေးကင်းပြီး အဆင်ပြေပြေရှိနေစေဖို့ ဝိုင်းပြီးမေတ္တာပို့ပေးကြတဲ့ မှတ်ချက်တွေလည်း အများအပြားပါပဲ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်Rightful Owner

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T