စစ်မှုထမ်းကာလကိုပြီးဆုံးသွားပြီဖြစ်တဲ့ Bigbang အဖွဲ့ဝင် Seungri

//s9.kh1.co/07/075e50689d6be2c5e5722092fe6be9a0028cfee0.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အချိန်ဘယ်လောက်ကြာ တာဝန်ထမ်းဆောင်ခဲ့သလဲဆိုတာကိုတော့..... (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

90's born တွေရဲ့ အသည်းထဲ အမြဲစွဲမြဲနေမယ့် Kpop အဖွဲ့တစ်ဖွဲ့ပြောပါဆိုရင် Bigbang ဆိုတာမပါမဖြစ်ပါပဲ။Bigbang ဟာ ကိုးရီးယားနိုင်ငံရဲ့အအောင်မြင်ဆုံး Boy Bandတစ်ခုဖြစ်ပါတယ်။Bigbang အဖွဲ့ဟာ သူတို့ရဲ့ ခပ်လန်းလန်းနဲ့ သူမတူတဲ့ ခပ်မိုက်မိုက်ဒီဇိုင်းတွေကြောင့် ပရိတ်သတ်များအားလုံးရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Photo Credit From Bigbang Myanmar Fans
Photo Credit From Bigbang Myanmar Fans
Photo Credit From Bigbang Myanmar Fans
Photo Credit From Bigbang Myanmar Fans

Bigbang အဖွဲ့မှာဆိုရင် အဖွဲ့ဝင် (၅)ဦးရှိပါတယ်။G-Dragon၊T.O.P၊Seungri၊Taeyang နဲ့ Daesung ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။G-Dragon ကတော့ Leader အနေနဲ့တာဝန်ယူထားတာဖြစ်ပါတယ်။Seungri ကတော့ 2019 March လမှာပဲ တချို့သော Scandal တွေကြောင့် အဖွဲ့မှ အနားယူလိုက်တာဖြစ်ပါတယ်။Seungri ဟာ 2019 ခုနှစ်မှာတင်ပဲ Sexual Escort Service တွေလုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် အမှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit From Bigbang Myanmar Fans
Photo Credit From Bigbang Myanmar Fans
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar

ရုံးချိန်းပေါင်းများစွာတက်ရပြီး 2019 March လ (၉)ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ရပါတယ်။သူဟာ စစ်မှုထမ်းကာလမှာ Sergeant ခေါ် တပ်ကြပ်ကြီးရာထူးအနေ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။တစ်နှစ်ခွဲ ကြာပြီးနောက်မှာတော့ Seungri တစ်ယောက် စစ်မှုထမ်းကာလကို ယမန်နေ့ မြန်မာစံတော်ချိန် ည(၉)နာရီခွဲမှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။သူ့ရဲ့ပရိတ်သတ်တွေကလည်း Seungri တစ်ယောက် ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာအားလုံးက စောင့်မျှော်နေကြပါတယ်။

Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Photo Credit From Victory is Victory-Seungri Myanmar
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T