စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေကို အသားဟင်းလေးစားစေချင်လို့ ကြက်တစ်ကောင်လုံးကို ကိုယ်တိုင်ဝေပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/78/78d2a71d01b6ed8db37e0ab8819bb2b5548fac3a.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေကို အသားဟင်းလေးစားစေချင်လို့ ကြက်တစ်ကောင်လုံးကို ကိုယ်တိုင်ဝေပေးနေတဲ့ ဝေဠုကျော်

ပရဟိတမင်းသားကြီးလို့ ပရိသတ်တွေကခေါ်ဝေါ်ကြတဲ့ ဝေဠုကျော်ကတော့ အများအကျိုးအတွက်ဆို ကိုယ်ကျိုးစွန့်ပြီး ကူညီပေးတတ်တဲ့သူဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူ့ရဲ့ "ဝေဠုကျော်ဖောင်ဒေးရှင်း" ဆီအကူအညီတောင်းခံတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်သလောက် ပြန်လည်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းမှအဖွဲ့သားတွေကလည်း စိတ်စေတနာကောင်းကြလို့သာ လူတိုင်းနီးပါးရဲ့အခက်အခဲကိုမျှဝေခံစားပေးနေတာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page

လတ်တလောမှာတော့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းမှ အလှူရှင်တွေရဲ့စေတနာနဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလှူဒါန်းပေးနေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကဆိုရင်လည်း စားဝတ်နေရေးကြပ်တည်းလို့ အကူအညီတောင်းခံလာတဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊၁၂၃ရပ်ကွက်၊ကျူးကျော်အိမ်ထောင်စု (၇၀)စာအတွက် တတပ်တအားကူညီပေးလိုက်တာဖြစ်ပါတယ်။တစ်အိမ်ထောင်စုလျှင် ကြက်တစ်ကောင်၊ဆန်နှစ်ပြည်၊ကြက်သွန်နီတစ်ပိဿာ၊အချိုမှုန့်နဲ့ ဂျင်း တို့ကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်တို့အဖွဲ့က ချို့တဲ့မိသားစုတွေ အသားဟင်းလေးစားလို့ရအောင် ကြက်သားပေးဖို့အတွက် ကြက်သတ်ရင်လည်း ငရဲမကြီးချင်တာကြောင့် ကြက်ဘဲစျေးမှာ ပံ့သကူကြက်သားတွေသွားရောက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။စားစေချင်လို့ စျေးမှာသေချာသွားဝယ်ကာ ဟင်းချက်အမှီ ဒဂုံအရှေ့ပိုင်းထိလာပြီး ဝေပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း အဖွဲ့သားတွေနဲ့အတူ ကိုယ်တိုင်ပါဝင်ပြီး ကုသိုလ်ယူနေတာဖြစ်လို့ သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

Source&Photo Credit:Wai Lu Kyaw Foundation’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T