ပရိသတ်ကြီးရေ ကြော်ငြာမင်းသမီးလေးတစ်ယောက်အနေနဲ ့ပရိသတ်အားပေးမှု

စတင်ရရှိခဲ့သူ ကစ်ကစ်ဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော်သွားပြီဖြစ်ပြီး အခုဆိုရင်

ကြော်ငြာ၊ ရုပ်ရှင်နဲ ့ဗွီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်လောကရဲ ့ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်လက်ဖြစ်သလို 

အမြဲလိုလိုဖက်ရှင်ကျလှပစွာဝတ်ဆင်တတ်ပြီး ချစ်စရာကောင်းတဲ့ကစ်ကစ်

ဟာ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေမှာ အကောင်းမွန်ဆုံးဖြစ်အောင် သရုပ်ဆောင်

နိုင်ခဲ့တဲ့အတွက် အခုဆိုရင် အကယ်ဒမီဆု ၂ ဆုရှင် မင်းသမီးလေးဖြစ်နေပါပြီ။

အားပေးချစ်ခင်ကြသူ ပရိသတ်အခို်င်အမာရှိတဲ့ ကစ်ကစ်ဟာ မကြာခင်

မှာ ဒါရိုက်တာ ကြည်ဖြူသျှင် ပုံဖေါ်ရိုက်ကူးတော့မယ့် ဂျပန်မြန်မာချစ်ကြည်ရေး

ဇာတ်ကားဖြစ်တဲ့ဇာတိမြေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွား

မှာလည်းဖြစ်ပါတယ်။

အဆိုပါဇာတ်ကားမှာတော့ ကစ်ကစ်ဟာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန်အောင်၊ 

အောင်ရဲလင်း၊ ဂျပန်(PrizmaX)တေးဂီတအဖွဲ ့ဝင်မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ မိုရီဆာကီဝင်း(Win) တို ့နဲ ့အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပရိသတ်အတွက် အမြဲကြိုးစားအားထုတ်နေတတ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ကစ်ကစ်ရဲ ့ဒီနေ ့မှာ ကျရောက်တဲ့ မွေးနေ ့ရက်မြတ်လေးအတွက်

ချစ်ပရိသတ်ကြီးက မွေးနေ ့ဆုတောင်းစကားလေးတွေ ပြောသွားပါဦးနော်။

သတင်းအရင်းမြစ် Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။