ဖုန်းတစ်လုံးထက်မက ၀ယ်ယူနိုင်တဲ့ ဈေးတန်ဖိုးနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကာဗာများ

//s9.kh1.co/9d/9d8cba0bc962e6a6d7a4988c219c1518fa9b2c77.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တချို့သူတွေဟာ ဖုန်းကာဗာနဲ့ ပတ်သက်ပြီး တော်တော်ကို ရူးသွပ်တက်ကြပါတယ်။ ဒါကြောင့်လည်း ဖုန်းကာဗာအမျိုးမျိုး ၀ယ်ယူစုဆောင်းတက်ကြသူ‌ေတွရှိပါတယ်။ တချို့ကတော့ ဖုန်းအသစ်ပေါ်ကို ပိုမိုလှပအောင် ဖုန်းကာဗာကို ဈေးကြီးကြီးထဲက ရွေးယူ၀ယ်ကြတာတွေရှိပါတယ်။ ခုဖော်ပြမှာကတော့ ဖုန်းတစ်လုံးထက်တောင် ပိုပေးရတဲ့ ဈေးအကြီးဆုံး ဖုန်းကာဗာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဖုန်းကာဗာ ဆိုပေမယ့် Phone Case လို့ပြောရင် ပိုမှန်ပါတယ်။ ဘာလို့လဲဆို ဖုန်းကာဗာကို တစ်ခုခု ထည့်သွင်း ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။

Lux iPhone X Ingot 250 – $70,000

https://s9.kh1.co/__image/w=650,h=366,q=100/1b/1b11aa3231c73e85bf335d9413c7e3a69ee7cf5a.jpg

iPhone X အတွက်ပြုလုပ်ထားတာဖြစ်ပြီး Online ကနေ မှာယူနိုင်ပါတယ်။ သင့်အနေနဲ့သိထားရမှာကတော့ Phone Case မှာပါတဲ့ ရွှေ ၂၂ ကာရက်ဟာ တကယ်ကို နူးညံပါတယ်။ အဓိပ္ပာယ်ကတော့ ဖုန်းပေါ်မှာ အလွယ်တကူ ခြစ်ရာတွေဘာတွေ ပေါ်စေနိုင်ပါတယ်။ အပေါ်မှာပြောသလို ဈေးကြီးတဲ့ထဲမှာတော့ ပါပေမယ့် ကြာရှည်ခံမှာတော့ မဟုတ်ပါဘူး။

Goldgenie Donald Trump Case – $151,000

https://s9.kh1.co/__image/w=650,h=366,q=100/01/01091c7814d409b9b50d5ee7efa8e58e1fd58bbd.jpg

စစ်မှန်ပြီး တစ်မူထူးခြားတဲ့ iPhone Case ပါပဲ။ အသန့်ရှင်းဆုံး 24K ရွှေဖြင့် ပြုလုပ်ထားပြီး Donald Trump ရဲ့ မျက်နှာနှင့်အလှဆင်ထားပါတယ်။ ဒီဇိုင်းကိုတော့ Goldgenie မှ ဖောက်သည်တစ်ဦးက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ Apple တံဆိပ်နှင့် Case ရဲ့အနားပတ်များကို စိန်များဖြင့်ဖုံးအုပ်ထားပါတယ်။ " Limited Edition 1/1 " ဆိုတဲ့စာသားလေးတောင် ထည့်ထားပါသေးတယ်။

Buccellati iPhone case – $208,000

https://s9.kh1.co/__image/w=650,h=366,q=100/c7/c79894eb59fbe545c2a8b466ae12fe5359335388.jpg

Buccellati ဟာ အီတလီလက်ဝတ်ရတနာများတွင် နာမည်အကြီးဆုံးဖြစ်ပါတယ်။ သူတို့ရဲ့ ဒီဇိုင်းများဟာ ရဲရင့်ခြင်းနှင့် ရောင်စုံချဉ်းကပ်မှုတို့နှင့် အဝါရောင်ရွှေကို အသုံးပြုခြင်းတို့ကြောင့် လူသိများပါတယ်။ ဒါလည်း iPhone အတွက်ပဲဖြစ်ပြီး Set အပြည့်အစုံလိုချင်‌ရင် သူတို့ဆိမှာ iPad Case ကို ဒေါ်လာ ၄၈၅,၀၀၀ နဲ့ညရရှိနိုင်ပါတယ်။

Anita Mai Tan Dragon and Spider – $880,000

https://s9.kh1.co/__image/w=650,h=366,q=100/96/96f0898ea8efa7a1cd56686fc252add28eaa4e1f.jpg

ဈေးကတော့ သင်မြင်တဲ့အတိုင်းပါပဲ။ တကယ်လည်း iPhone case တစ်ခုအတွက် ဒေါ်လာတစ်သန်းဆိုတာသိပ်မဝေးပါဘူး။ သင့်အနေနဲ့ နဂါး သို့မဟုတ် ပင့်ကူ ဆိုပြီး နှစ်ခုထဲက တစ်ခုကို ရွှေးချယ်နိုင်ပါတယ်။ Dragon Case ကတော့ နဂါးပုံစံပါရှိပြီး စိန် ၂၂၀၀ အလုံး ပါပါတယ်။ အရောင်မျိုးစုံရှိပြီး စုစုပေါင်းအလေးချိန် ၃၂ ကာရက်ရှိပါတယ်။ Spider Case ကတော့ အနက်ရောင်နဲ့ အရောင်မဲ့ စိန်အလုံး ၂၈၀၀ ပါပြီး ၃၈ ကာရက် အလေးချိန်ရှိပါတယ်။

Alexander Amosu – $2.7m

https://s9.kh1.co/__image/w=650,h=366,q=100/4f/4f9655c1295621cb51ee6530271f268f24df1cc1.jpg

ဈေးအကြီးဆုံး Phone Case တွေကိုဖော်ပြပြီးနောက် ခုချိန်မှာတော့ ကမ္ဘာ့ဈေးအကြီးဆုံး Phone Case ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ စိန်အလုံး ၆၀၀၀ ပါရှိပြီး Alexander Amosu logo ကို ရွှေနဲ့ပြုလုပ်ထားပါတယ်။ iPhone 6 အတွက်ထုတ်လုပ်ထားတာဖြစ်ပြီး အကန့်အသတ် ရှိပါတယ်။

ဒါတွေကတော့ ဈေးအကြီးဆုံး Phone Case တွေပဲဖြစ်ပါတယ်။ iPhone သီးသန့်ဆိုပြီး ရေးထားတာ မဟုတ်ပါဘူး။ Android Phone တွေရဲ့ Case မှာ ခုလောက် ဈေးကြီးတဲ့ Phone Case တစ်ခုမှာ မရှိပါဘူး။

သတင်း အရင်းအမြစ်Mraberthon

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T