၁၉၈၀ပြည့်နှစ်များက တက္ကသိုလ်အသိုင်းအဝိုင်းမှာ စတင်လူကြိုက်များထင်ရှားခဲ့တဲ့ ရွှေလည်တိုင်၊စစ်ကိုင်းလမ်း၊စစ်နှင့်ငြိမ်းချမ်းရေး၊ခတ္တာ၊အားလုံးကိုကျော်ဖြတ်ရမယ်၊ဆေးမြုံငှတ်၊အဉ္ဇလီ၊သီချင်းတစ်ပုဒ်ပန်းတစ်ဆုပါ၊မိုးရဲရင် ဆောင်းရဲရမယ်၊ဆို၊မကျေနပ်ဘူး၊သိလား၊မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ အဝေးဆုံး၊မြတ်သောအကျင့်အစရှိသည့်သီချင်းများမှာ ပရိသတ်အထူးကြိုက်နှစ်သက်သည့်သီချင်းများဖြစ်ပြီး နှစ်ပေါင်း၄၀ကျော် ကာလအတွင်းဂီတလောကတွင့် အောင်မြင်မှုသမိုင်းမှတ်တမ်းများစိုက်ထူနိုင်ခဲ့သည့် ဂီတပညာရှင် အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အဆိုတော် စိန်ဝင်းထွန်းမှ ခိုင်ထူးနဲ့ပတ်သက်ပြီးပြောရရင် ညီလေးလိုပဲ၊သတင်းကြားတော့ စိတ်တော့မကောင်းဘူး။ဒါပေမဲ့ ဂီတလောကထဲကလူတွေနဲ့တွေ့တိုင်း သူ့အခြေအနေကို မေးကြည့်တယ်။ခိုင်ထူးနဲ့က ပွဲတွေခဏခဏဆိုဖူးတယ် ညီအကိုလည်းဖြစ်နေပြီ။သူ့သတင်းကြားကတည်းက သူသက်သာပါစေလို့ အမြဲတမ်းဆုတောင်းပေးနေခဲ့တယ်။အခုလိုသတင်းကြားရတော့စိတ်မကောင်းပါဘူး။ 

အဆိုတော် ဂျက်မြသောင်း မှ ဆုံးသွားတယ်လို့ကြားတယ်။ပြောချင်ပေမဲ့ စကားမှားမှလည်းစိုးတယ်။ကိုခိုင်ထူး ကကျွန်တော်တို့ထက်စာရင် စီနီယာကျတယ်။ကျွန်တော်တို့ အဆိုတော် မဖြစ်ခင်ကတည်းက သူ့ကိုလေးစားတယ်။အဆိုတော်ဖြစ်လာတော့လည်း သူနဲ့ခရီးတွေတူတူသွားပြီးပျော်စရာကောင်းခဲ့တယ်။တကယ်ရင်းရင်းနှီးနှီးနေခဲ့ကြတာဖြစ်တယ်။အခုလို ဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှပြောလို့ကို မရတော့ဘူး။ 

အဆိုတော် စည်သူလွင်မှ ကျွန်တော်တို့ အရမ်းဝမ်းနည်းနေရပါတယ်။အဖိုးလေးက တစ်ခေတ်တစ်ချိန်က အောင်မြင်ကျော်ကြားအနုပညာရှင်ကြီးတစ်ယောက်ပါ။အရမ်းနာမည်ကြီးခဲ့တဲ့သူတစ်ယောက်ပါ။ကျွန်တော်ငယ်ငယ်ကတည်းက အဖိုးလေးရဲ့သီချင်းတွေနဲ့ကြီးပြင်းလာခဲ့ရတာပါ။ကျွန်တော်တို့ ဂီတလောကထဲကို ဝင်လာကတည်းကအဖိုးလေးသီချင်းတွေကိုဆိုခဲ့ပါသေးတယ်။ဖိုးလေးက လူချစ်လူခင်လည်းပေါတယ်။အဖိုးလေးက အရမ်းတော်တဲ့ ဂီတအနုပညာရှင်တစ်ယောက်ပါ။ 

အဆိုတော်ဂျေမောင်မောင် မှ ကျွန်တော်ဘယ်လိုခံစားရသလဲဆိုတာ တစ်တိုင်းပြည်လုံးခံစားနေရသလိုပါပဲ ကျွန်တော်ခံစားနေရပါတယ်။

အဆိုတော်မေခလာ မှ ပြောရမယ်ဆိုရင်အများကြီးဖြတ်သန်းခဲ့ရတဲ့ဘဝတွေက အတူတူပါပဲ ဂီတလမ်းကြောင်းမှာ။အကိုက သီချင်းသာဆိုရမယ် ဆိုရင် ပိုင်ဆံကိစ္စကိုလုံးဝမပြောဘူး။အစ်မတို့ကိုလည်းစောင့်ရှောက်ခဲ့တယ်။အစစအရာရာအကိုကြီးတစ်ယောက်လိုပါပဲ။အကိုကသီချင်းဆိုရင် သူ့ရဲ့ဂျာကင်အဟောင်းကြီးကိုပဲ ဝတ်ပြီးဆိုတယ်။နာမည်ကြီးအကျီ ၤတွေကိုတစ်ခါမှမဝတ်ပါဘူး။သူ့ရဲ့ဘဝကအဆင်မပြေဘူး အမြဲပြောတယ်။သီချင်းဆိုဖို့ နယ်ဘက်တွေကိုသွားရာမှာလည်းအတူတူ တချို့နယ်ဘက်ကိုသွားတုန်းကဆိုရင် ပိုက်ဆံမရဘဲ မြင်းလှည်းနဲ့ ပြန်ခဲ့ရတာတွေလည်းရှိတယ်။အဲဒါကြောင့် ချစ်ငယ်ပြောချင်တာက ရှိနေတဲ့အချိန်မှာ ဂရုစိုက်ကြပါ။သေသွားမှနောင်တမရပါနဲ့။ရှိနေတုံးမှာ ချစ်ချစ်ခင်ခင်နေကြပါ။

ဂီတပညာရှင် ဥက္ကာဦးသာမှ အဆိုတော်ခိုင်ထူး ဆုံးပါးသွားတာက မြန်မာနိုင်ငံဂီတလောကကြီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါ။အခုလောလောဆယ်တော့ ဒီေလောက်ပဲပြောပါရစေ။ 

ုအဆိုတော် ကော်နီမှ အားလုံးချစ်ကြခင်ကြတဲ့ ဦးခိုင်ထူး ဆုံးပြီဆိုတော့ ရင်ထဲအလွန်စီတ်မကောင်းဖြစ်ရပါတယ်။ဖိုးလေးနဲ့ ခင်ခဲ့ကြတဲ့သက်တမ်းတစ်လျှောက်မှာ ဖိုးလေးရဲ့သွန်သင်ဆုံးမမှုတွေ ရင်ထဲမှာခံယူမှတ်သားခဲ့သလို အတု.ူစရာရှိတဲ့အနုပညာအပေါ်ထားရှိတဲ့စိတ်ဓတ်တွေကို သင်ယူနိုင်ခဲ့ပါတယ်။အနုပညာအပေါ် မိသားစုအပေါ်တာဝန်ကျေချင်တဲ့ ဖိုးလေးကောင်းရာဘုံဘဝမှာ သူတော်ကောင်းများနဲ့ ဆုံတွေ့နိုင်ပါစေလို့ အမဆုတောင်းနေပါတယ်။

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။