တစ်ချို့သော စုံတွဲတွေက တစ်ဦးနှင့်တစ်ဦး တကယ်ချစ်ကြပါတယ်။ သို့သော် အထင်မှတ်ဘဲ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကြောင့် လမ်းခွဲရတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ရော သူရော မမေ့နိုင်ဘဲ သတိရနေတာမျိုးတွေ ရှိပါတယ်။ အဲ့လို ကြုံလာရတဲ့အခါ ကိုယ်ရဲ့ ရည်းစားဟောင်းနဲ့ ပြန်တွဲနိုင်မဲ့ နည်းလမ်းလေးအချို့ကို ဖောြ်ပပေးလိုက်ပါတယ်။

(၁) Message ပို့ပါ။

သူ့အခြေအနေ၊ သူ့စိတ်ထား၊ သူ ကိုယ့်အပေါ်မှာထားတဲ့ သံယောစဉ် ရှိသေးလား ဆိုတာ သိရအောင် အရင်ဦးဆုံး အနေနှင့် ချဉ်းကပ်ဖို့ အကောင်းဆုံးနည်းကတော့ Message ပို့ တာပါပဲ။ တစ်စောင်တည်းနဲ့လည်း လက်မလျှော့လိုက်ပါနဲ့။ သူ စာမပြန်ပို့ စိတ်ဆိုး မပြေသေးလို့လဲ ဖြစ်နိုင်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်အောင်လည်း ဆက်တိုက်မပို့မိပါစေနဲ့။

(၂) အချိန်ယူပါ။

ကိုယ်နဲ့ သူက သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲထားတာမို့ ပြန်လည် သင့်မြတ်ဖို့ နဲ့ တစ်ယောက်ကိုတစ်ယောက် ဒီ့ထက် ပိုနားလည်နိုင်ဖို့ အချိန်ယူရပါမယ်။ ဘယ်အရာကိုမှ အလောတကြီး မလုပ်မိ၊ မပြောမိပါစေနဲ့။ 

(၃) ဖြစ်နိုင်လျှင် တစ်ခါတစ်ရံ ဖုန်းခေါ်ပါ။

ရာသီဥတု အခြေအနေ တစ်ခုခု ထူးခြားလို့ သူ့ကို စိတ်ပူတယ်မျိုး ပြောတာဖြစ်ဖြစ်၊ သူ့ပတ်ဝန်းကျင်မှာ တစ်ခုခု ဖြစ်သွားလို့ သူ့ကို သတိတရနဲ့ လှမ်းမေးတာဖြစ်ဖြစ် ... စသည် စသည် အကြောင်းပြချက်လေးများဖြင့် တစ်ခါတစ်ရံ ဖုန်းခေါ်ပါ။ ချက်ချင်း ဖုန်းမကိုင်ခဲ့လျှင်လည်း သူ့ကို စိတ်မဆိုးပါနဲ့။ ဖုန်းကိုင်ဖို့ သူ့ဘက်မှာ အခက်အခဲ မျိုးစုံ ရှိနိုင်တယ်ဆိုတာ နားလည်ပေးပါ။

(၄) သူ့ကို သတိရနေကြောင်း ပြောပါ။

အထက်ပါ အဆင့်လေးတွေ အောင်မြင်ခဲ့တယ်ဆိုရင်တော့ နောက်တစ်ဆင့်တက်ပြီး သူ့ကို သတိရနေကြောင်း၊ လွမ်းနေကြောင်း သူ့ကို ပြောပါ။ ငါ့ကိုရော သတိရလား လို့ မမေးပါနဲ့။ ကိုယ့်ဘက်ကပဲ သူ့ကို သတိရနေကြောင်း၊ ဘယ်လိုအချက်လေးတွေနဲ့ တိုက်ဆိုင်တိုင်း သတိရကြောင်း ပြောပါ။ 

(၅) ကိုယ်မှားခဲ့တာ ရှိရင် တောင်းပန်ပါ။

သူနဲ့ ကိုယ့်ကြားမှာ ဖြစ်ခဲ့တဲ့ ပြသနာတစ်ခုကို အမှန်အတိုင်း ဆန်းစစ်ပါ။ တစ်ခါတစ်ရံ သူမှားတာလည်း ဖြစ်နိုင်သလို ကိုယ်မှားခဲ့တာရှိလည်း အရိုးသားဆုံး ၀န်ခံပါ။ ကိုယ်မှားခဲ့တယ်ဆို တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံနေမှာပါ။

(၆) အရင်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို တတ်နိုင်သလောက် ပြန်မပြောပါနဲ့။

သူနဲ့ ပြန်အဆင်ပြေချင်တယ်ဆိုရင် ဖြစ်ခဲ့တဲ့ ပြသနာကို အစက ပြန်ဆွဲထုတ်ပြီး မပြောမိပါစေနဲ့။ အဲ့ဒီတုန်းက အကြောင်းတွေကို ပြန်မပြောဘဲ ကြည်နူးခဲ့ရတဲ့ အမှတ်တရတွေကိုပဲ သူ မှတ်မိအောင်၊ ပြန်သတိရလာအောင် ပြောပါ။

(၇) ရင်းနှီးစွာ စကားပြောပါ။

သူနဲ့ စကားပြောတဲ့အခါ သူမှားတာပဲဖြစ်ဖြစ်၊ ကိုယ်မှားလို့ပဲဖြစ်ဖြစ် ရှက်ကိုးရှက်ကန်း စကား မပြောပါနဲ့။ သူ ဖြစ်နေတယ်ဆိုလည်း ကိုယ်က မသိချင်ယောင် ဆောင်လိုက်ပါ။ အရင်အတိုင်းပဲ ဘာမှ မဖြစ်ခဲ့သလိုပဲ စကားကို ရင်းနှီးစွာ ပြောပါ။ ဒါက သူ့အတွက်တော့ ပြသနာကို လွယ်လွယ်ကူကူ မေ့နိုင်ပါလိမ့်မယ်။

(၈) ဘယ်သူနှင့်မှ နှိုင်းယှဉ် မပြောပါနဲ့။

ဒီအချက်က လူတော်တော်များများ မကြိုက်တဲ့၊ လက်မခံနိုင်တဲ့ အချက်ဆိုတာ သတိရပါ။ တစ်ဦးကို ကောင်းစေချင်တိုင်း အခြားတစ်ဦးနဲ့ ခိုင်းနှိုင်းပြောတာမျိုး မလုပ်ပါနဲ့။ သူ့ကို ကောင်းစေချင်တာ သူ့ကို စေတနာရှိလို့ သံယောစဉ်ရှိလို့ ဆိုတဲ့အကြောင်းပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။

(၉) ကဗျာဆန်ဆန်လေးတွေ ဖန်တီးပေးပါ။

ကိုယ် သူ့အပေါ်မှာ မဖြည့်ဆည်းပေးခဲ့တဲ့ ကဗျာဆန်မှုလေးတွေ၊ သူ ကြိုက်တဲ့ အချက်လေးတွေ၊ သူ ဖြစ်စေချင်တဲ့ အချက်လေးတွေကို ဖန်တီးပြီး သူ့ကို ပြသလိုက်ပါ။ ဒါက သူ့အတွက် ၀မ်းသာစရာ ဖြစ်သလို သင့်ကိုလည်း ပြန်လည် ခွင့်လွှတ်နိုင်ပြီး ရှေ့လျှောက် လက်တွဲသွားနိုင်ပါလိမ့်မယ်။

(၁၀) လက်စွပ်လေးတစ်ကွင်း နှင့် ပြန်ချော့လိုက်ပါ

သူ့ကို ကိုယ့်ရဲ့ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီးမှ ချစ်ခဲ့တဲ့ အကြောင်း သူသိအောင် ပြသတဲ့ အနေနဲ့ လက်စွပ်လေး တစ်ကွင်းဝယ်ပြီး သူ့ကို ပြန်ချော့လိုက်ပါ။ သေချာတာ တစ်ခုကတော့ သူလည်း သင့်ကို ချစ်နေသေးတယ်ဆိုရင် သင်တို့ နှစ်ယောက်ရဲ့ အနာဂတ်က အရင်ကထက် ပိုပြီး သာယာမယ်ဆိုတာ အမှန်ပါပဲ။

ဒီအချက်လေးတွေကို သိရှိပြီး ချစ်သူစုံတွဲတွေကြား ရန်ဖြစ်ခြင်း ကင်းဝေး၍ ရာသက်ပန် ချစ်ချစ်ခင်ခင်နှင့် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေ … ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။