ကြွက်လေးတွေနဲ့တူတဲ့ ဒီအကောင်လေးတွေကိုတော့ ဂျာဘိုးအာ (Jerboa) လို့ခေါ်ကြပြီး အာဖရိကမြောက်ပိုင်း ၊ အာရှအရှေ့ပိုင်း နဲ့ အခြားသောနေရာအချို့မှာ တွေ့မြင်နိုင်ပါတယ်။
ဒီကောင်လေးရဲ့ အရွယ်အစားဟာ များသောအားဖြင့် ၈ လက်မလောက်ရှိတတ်ပြီး သူ့ရဲ့အမြှီးကတော့ ၁၀ လက်မလောက် ရှိပါတယ်။
သူတို့ရဲ့ သက်တမ်းကတော့ ပျမ်းမျှအားဖြင့် ၆ နှစ်လောက်ရှိကြပါတယ်။
ဒါ့အပြင် ဒီအကောင်လေးတွေဟာ ရုတ်တရက်ကြည့်ရင် ခြေနှစ်ဖက်ပဲ ရှိတယ်လို့ထင်ရပေမယ့် တကယ်တော့ သူတို့မှာ ခြေချောင်းလေးချောင်းပါပါတယ်။
သူတို့ရဲ့ ရှေ့ခြေ နှစ်ချောင်းဟာ နောက်ခြေထက် တော်တော်လေးတိုနေတာကြောင့် သေချာကြည့်မှသာ မြင်ရတာပဲ ဖြစ်ပါတယ်။
ဒီအကောင်လေးတွေဟာ နေ့ဘက်တွေမှာတော့ အိပ်စက်အနားယူကြပြီး ညဘက်မှသာ အစာရှာထွက်တာကြောင့် ဇီးကွက်တွေကို ကြောက်ရပါတယ်။
ဒါပေမယ့် ဂျာဘိုးအာတွေမှာ ထက်မြက်တဲ့အကြားအာရုံရှိပြီး လျှင်မြန်စွာ သွားလာတတ်တာကြောင့် သူတို့ကိုမိဖို့တော့ ခက်ပါတယ်။ ဒီဂျာဘိုးအာတွေဟာ အကောင်ငယ်ပေမယ့် တစ်နာရီကို ၁၅မိုင်နှုန်းလောက်သွားနိုင်တဲ့အထိ မြန်ပါတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia