ဖမ်းဆီးခံထားရတဲ့ပိုင်တံခွန်ရဲ့မွေးနေ့အတွက် ကုသိုလ်ကောင်းမှူတွေလုပ်ဆောင်ပေးပြီး ဆုတစ်ဆုတည်းသာတောင်းလိုက်တဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/de/de6c75caa0e63579210d3358002238ec5be619a3.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးခံထားရတဲ့ပိုင်တံခွန်ရဲ့မွေးနေ့အတွက် ကုသိုလ်ကောင်းမှူတွေလုပ်ဆောင်ပေးပြီး ဆုတစ်ဆုတည်းသာတောင်းလိုက်တဲ့ ကျော်ကျော်နန္ဒ

အနုပညာလောကသားတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ ပြည်သူတွေဘက်ကနေပါဝင်ခဲ့တာကြောင့်၅၀၅(က) စာရင်းထဲမှာပါလာခဲ့ပြီး လုံခြုံရေးအတွက် ရှောင်တိမ်းနေထိုင်ခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့၅၀၅(က) ကနေလည်း ပယ်ဖျက်ခံရတာဖြစ်လို့ သူ့ရဲ့အိမ်မှာပဲပြန်နေပြီး ကိုဗစ်ကူးစက်ရောဂါကို ခံစားလိုက်ရသေးတာဖြစ်ပါတယ်။ကျော်ကျော်နန္ဒရဲ့စိတ်ဓာတ်ကြောင့် ပရိသတ်တွေကလည်း ချီးကျူးလာကြပြီး အရင်ကထက်ပိုအားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page

အခုရက်ပိုင်းတွေမှာ လိုအပ်တဲ့နေရာတွေအတွက် ကျော်ကျော်နန္ဒက ခုနှစ်ရက်သားသမီးများနဲ့အတူ စုပေါင်းလှူဒါန်းနေတာဖြစ်ပါတယ်။ဒီနေ့ကလည်း မင်းသားချောပိုင်တံခွန်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်တာကြောင့် ကျော်ကျော်နန္ဒက အလှူလုပ်ပေးလိုက်တာဖြစ်ပါတယ်။ပိုင်တံခွန်လည်း ဖမ်းဆီးခံခဲ့ရတာ ဧပြီလ (၈)ရက်နေ့ကတည်းကဖြစ်တာကြောင့် အခုထိဆိုရင် (၅)လကျော် ကြာမြင့်သွားပြီဖြစ်ပါတယ်။ပိုင်တံခွန်လည်း ဒီနေ့လေးမှာ ပရိသတ်တွေနဲ့မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့ မွေးနေ့ဆုတောင်းစကားကိုရရှိထားတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page

ကျော်ကျော်နန္ဒကတော့ "အခုအလှူလေးက သူငယ်ချင်း ညီလေး ပိုင်တံခွန် ရဲ့ မွေးနေ့အတွက်လှူဒါန်းပေးတာပါ ပိုင်အတွက် ကျွန်တော်တစ်ဆုပဲတောင်းပါတယ် အမြန်ဆုံးလွတ်ပါစေ ပြည်သူပြည်သားအားလုံးလည်း ကျန်းမာဘေးကင်းအေးချမ်းကြပါစေ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အမှတ်တရနေ့လေးကို မမေ့မလျော့ဘဲကုသိုလ်ကောင်းမှူတွေလုပ်ဆောင်ပေးရင်း ဆုတောင်းလိုက်တဲ့ ကျော်ကျော်နန္ဒရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page
Photo Credit:Kyaw Kyaw Nanda’s Fb page

Source&Photo Credit:Kyaw Kyaw Nanda’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T