ဘေဘီမောင်က အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူ တစ်ယောက်ပါ ။ ဒါ့ပြင်လေးစားစရာကောင်းတာကတော့ သူမဟာအနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သ၍ ကူညီလုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါဆိုးကြီးဖြစ်တဲ့အချိန်ကာလအတွင်းမှာလည်း သူမဟာတတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေနေ့စဉ်နီးပါးပြုလုပ်ခဲ့ပြီး ချို့တဲ့သူတွေအတွက် အကူအညီတွေပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်အခုလိုနိုင်ငံရေးမကောင်းတဲ့ကာလမှာလည်း ရဟန်းသံဃာတော်တွေနဲ့ သီလရှင်ဆရာလေးတွေပါမကျန် ဆေးဝါးနဲ့၀တ္ထုငွေတွေလှူဒါန်းနေတာဖြစ်ပါတယ်။
ယနေ့မှာဆိုရင်လည်း ဘေဘီမောင်ဟာ ဆရာတော်သံဃာတော်တွေအတွက် လှူဖွယ်ပစ္စည်းတွေနဲ့ ၀တ္ထုငွေတွေကိုသွားရောက်ကပ်လှူခဲ့ပြီး လူဖြစ်ရတဲ့ဘ၀လေးအတွင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ကုသိုလ်တွေစုဆောင်းသွားချင်ကြောင်း ရေးသားမျှဝေထားတာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Baby Maung's Facebook acc