တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပြီး နွေးထွေးလုံခြုံမှုတွေ ပေးနိုင်တယ်ဆိုတဲ့ စမိုင်းတို့ အိမ်

မကြာသေးခင်မှ သိန်းသုံးထောင်ကျော်တန် ဖရာရီကားအနီလေး ခင်ပွန်းကို လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ်တို့ရဲ့Vedio ဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး ဟိုသူ share သည်သူ share နဲ့ သတင်းတွေကြီးသွားခဲ့ပါတယ်။ စမိုင်းလ်က အရင်တုန်းက ကြော်ငြာတွေ သီချင်းMTV တော်တော်များမှာ ပါဝင်ခဲ့ဖူးပြီး အတော်အသင့်အောင်မြင်ခဲ့တဲ့ မင်းသမီးလေးတစ်လက်ပါ။ ဒါပေမဲ့ သူမအိမ်ထောင်ကျပြီးတဲ့အခါမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားသို့ လိုက်ပါသွားခဲ့ပါတယ်။ အခုအချိန်မှှာတော့ စမိုင်းလ်ဟာ သိပ်ကိုမှ ပျော်ရွှင်စရာကောင်းတဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အခု ဆက်ပြီးတော့ စမိုင်းလ် တို့ရဲ့ ပျော်ရွှင်စရာမိသားစုဂေဟာ လေးအကြောင်းပြောပြပေးမယ်နော်……………

စမိုင်းက ဒီအိမ်လေးကို ၂၀၁၂ ခုလောက်ကဝယ်ထားပြီး ၂၀၁၃ ခုနှစ်မှာ စဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအိမ်လေးကို စမိုင်းတို့လင်မယားနှစ်ယောက်လုံး ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး လိုချင်တဲ့ပုံစံလေးဆောက်ခဲ့ကြတာပါတဲ့။ ဒီအိမ်ကိုမြင်လိုက်တာနဲ့ အားလုံးညှို့ငင်ထားနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့ Double Stair ကြီးပါပဲ။ စမိုင်းလ်တို့ အိမ်ကိုစဝင်လိုက်ပြီဆိုတာနဲ့ သိပ်ကို ခမ်းနားဝင့်ထည်တဲ့ Double Stair ကြီးကို အထင်းသားတွေ့မြင်မှာပါ။ ဒီလို Double Stair ထည့်ဆောက်ထားတာက စမိုင်းလ်ရဲ့ ငယ်ငယ်ထဲက အိပ်မက်လို့ပြောပါတယ်။ ဒီအိမ်မှာ ဧည့်ခန်းကို နှစ်ခန်းခွဲထားတယ်လို့ပြောပါတယ်။ Formal ဧည့်ခန်း နဲ့ ရိုးရိုးဧည့်ခန်းဆိုပြီး နှစ်မျိုး ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ရိုးရိုးဧည့်ခန်းလေးကတော့ သူတို့ မိသားစုအတွက် သီးသန့်ပါတဲ့။ ဒီဧည့်ခန်းလေးကိုတော့ အုတ်တွေနဲ့မလုပ်ဘဲ ညဖက်ကျ Natural Light လေးတွေမြင်ရအောင် အပေါ်ခြမ်းနဲ့ ဘေးတစ်ခြမ်းလုံးကို မှန်နဲ့ချည်းဆောက်ထားတာတဲ့။ ပြီးတော့ သူ့သမီးလေးတွေက ကြယ်ကြည့်ရင်း တီဗီကြည့်ရတာကြိုက်လို့ ဒီလိုမျိုးလေးလုပ်ပေးခဲ့တာတဲ့လေ။ ကဲ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ မေမေလည်းနော်……………

အိမ်ကြီးရဲ့ အပေါ်ထပ်မှာတော့ ရေကူးကန်နဲ့ ဘားကောင်တာလေးပါ ပါတယ်တဲ့။ ရေကူးကန်ကတော့ သူ့သမီးလေးတွေအတွက်ပါတဲ့။ ဘားကောင်တာက သူ့ချစ်သော အမျိုးအတွက်ဆိုတာ ပြောစရာမလိုဘူးလေ။ အဲ့ဒီထဲမှာ Mencave လို့နာမည်ပေးထားတဲ့ ကာရာအိုကေခန်းလေးလည်း ပါသေးတာတဲ့။ ဒီအခန်းလေး လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ယောက်ျားအပြင်ထွက်တာထက် ကိုယ့်အိမ်တင်ကိုဆိုတော့ ပိုစိတ်ချပြီး ပိုလုံခြုံလို့တဲ့လေ။ ကဲ ဘယ်လိုတောင် ခင်ပွန်းအတွက်ထောင့်စိအောင် စဉ်းစားပေးထားတဲ့ စမိုင်းလဲနော်……… သူ့ခင်ပွန်းကတော့ ကံကောင်းတယ်လို့ ပြောရမှာပေါ့။

စမိုင်းလ်တို့ လင်မယားက Classic ဆန်တာကြိုက်လို့ အိမ်ဆောက်မယ်ဆိုရင် တိုင်လုံးကြီးတွေ ရေတံခွန်ကြီးတွေ ထည့်ဆောက်ကြမယ်ဆိုပြီး စီစဉ်ထားတာတဲ့။ မြန်မာပြည်မှာ မြေဝယ်ပြီးတော့လည်း အိမ်စဆောက်မယ်ဆိုကတည်းက လိုချင်တာလေးတွေကို သေချာလေးစဉ်းစာပြီးမှ ဆောက်ထားတာပါလို့ ပြောပါတယ်။ အိမ်တစ်လုံးကို Wallpaper တွေကအစ ခန်းဆီးလိုက်ကာတွေအဆုံး အားလုံးကို သေသေချာချာရွေးပြီး ထည့်ထားတာပါတဲ့။ ဒီအိမ်တစ်အိမ်လုံးက စမိုင်းတို့ရဲ့ idea 99% လောက်ထိပါတယ်လို့လည်း သိရပါတယ်။

ဒီအိမ်လေးနဲ့ ပတ်သတ်ပြီး စမိုင်းလ်ကတော့ " ဒီအိမ်ပြီးစီးတော့လည်း အရမ်းကိုအားရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးလေးနေရတယ်ဆိုတာ ဘုရားပေးတဲ့ကုသိုလ်အပြင် ကျွန်မရဲ့အမျိုးသား အလုပ်ကြိုးစားတာကြောင့်လည်း ပါပါတယ်။ စစပြောင်းတုန်းကဆိုရင် အိမ်ကအရမ်းကြီးနေတော့ သိပ်အသားမကျခဲ့ဘူး။ အခုတော့ အဆင်ပြေသွားပါပြီ။ စမိုင်းအတွက် အိမ်ဆိုတာ မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးဖြစ်နေကြရင် အိမ်လို့သတ်မှတ်ပါတယ်။ ချမ်းသာမှ ဆင်းရဲမှ မဟုတ်ပါဘူး။ ဘယ်လောက်ကောင်းတဲ့ အိမ်ကြီးမှာပဲနေနေ အိမ်ထောင်ရေးတွေအဆင်မပြေဘူး ငိုယိုနေတယ်ဆိုရင် အိမ်နဲ့မတူတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီးနေတဲ့အိမ် လုံခြုံမှုပေးနိုင်တဲ့ အိမ်ဆိုရင်တော့ စမိုင်းက အိမ်လို့ သတ်မှတ်တာပါပဲ" လို့ ဆိုပါတယ်။

ကဲ ပရိသတ်ကြီးကော ချစ်ရတဲ့ စမိုင်းလ်ရဲ့ မိသားစုဘဝလေးကို အားမကျဘူးလား………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။