မြန်မာယဉ်ကျေးမှုနဲ့ ဂျပန်ယဉ်ကျေးမှုကို ထည့်ပြီးရိုက်ကူးမှာဆိုတော့ ကိုယ့်အတွက်က အတွေ့အကြုံအသစ်၊ဂျပန်မှာရိုက်မယ်ဆိုတော့ ဂျပန်ယဉ်ကျေးမှုတွေလည်းတွေ့ရမယ်။ဂျပန်မှာနေတဲ့မိန်းကလေးတစ်ယောက်အနေနဲ့သရုပ်ဆောင်ရမယ်ဆိုတော့ ဂျပန်ရဲ့လူနေမှုပုံစံတွေလည်းမြင်ရမယ်။အဲဒီဟာလည်း ထည့်ပြီးတော့ သရုပ်ဆောင်ရမယ်ဆိုတဲ့အတွက်ကြောင့်စိတ်လှုပ်ရှားမိတယ်။ဇာတ်ကားထဲမှာက ကောင်မလေးက လူငယ်ကောင်မလေးဆိုတော့ လူငယ်ဆန်ဆန်လေးတွေပဲပေါ့။ကောင်မလေးက ဂျပန်မှာမွေးပြီး ကြီးပြင်းလာတယ်ဆိုတော့ ဂျပန်စိတ်ကလေးဖြစ်ပြီး ဂျပန်ယဉ်ကျေးမှုနဲ့ နီးတဲ့ကောင်မလေးဖြစ်နေတာပါ။ထူးထူးခြားခြားအနေနဲ့ ဂျပန်စကားပြောရမယ်။ဂျပန်မှာမွေးပြီးဂျပန်မှာကြီးပြင်းခဲ့ရတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ဂျပန်စကားပြောပြီး သရုပ်ဆောင်ရမယ့် ဂျပန်အခန်းတွေမှာ အဲဒါလေးကလည်း ထူးခြားပါတယ်။စစချင်းကတော့ ဂျပန်ပေါ့။ပြီးမှမြန်မာပေါ့။ဂျပန်က နည်းနည်း တော့ပိုများမယ်ထင်တယ်။ခံစားချက်ကတော့ အနုပညာဖန်တီးမှုနဲ့ရော နှစ်နိုင်ငံချစ်ကြည်မှုခံစားချက်ကတော့ ဒီလိုကားမျိုးကို သေသေချာချာ အကုန်အကျခံပြီးရိုက်ကြတယ်။ကစ်ဘက်ကလည်း ကြိုးစားသွားမှာပါ လို့ ပြောပါတယ်။

လက်တလောမှာ ကစ်ကြော်ညာတွေရိုက်နေတယ်။ ရုပ်ရှင်ကားကြီးကတော့ ဒါရိုက်တာဦးမိုးနဲ့ ရိုက်ထားပြီးတဲ့နောက်ပိုင်းမှာ ကြော်ငြာတွေပဲရိုက်ဖြစ်နေပါတယ် လို့ သိရပါတယ်။

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။