တိုင်းရင်းသားနယ်မြေများတွင် သက်စွန့်ဆံဖျားကူညီခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခံခဲ့ရတဲ့ Free Burma Rangers

//s9.kh1.co/be/beafb2737710025c8400181ad73a4d6ba1545865.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လို ဆု မျိုး ချီးမြှင့်ခံရသလဲဆိုတော့.... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မြန်မာနိုင်ငံ ရဲ့တိုင်းရင်းသားနယ်မြေတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက စစ်ဘေးဒဏ်ခံခဲ့ရပါတယ်။ပြည်သူများမှာလည်း အမြဲတစေ စစ်ဘေးမှ ပြေးလွှားရှောင်တိမ်းနေခဲ့ကြရပါတယ်။ဤသို့ ပြေးလွှားနေရသူတွေထဲမှာ ကလေးသူငယ်များမှအစ သက်ကြီးရွယ်အိုများပါမကျန် အကုန်ပါရှိပါတယ်။

Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers

စစ်ဘေးဒဏ်ကို နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ခံစားလာရတဲ့အခါ အစားအသောက်မှစလို့ အနေအထိုင် အရမ်းကို ဒုက္ခရောက်ကြရပါတယ်။ဒီလို ဒုက္ခတွေမှကင်းဝေးအောင် ပြည်ပမှ Free Burma Rangers ဆိုတဲ့ အဖွဲ့အစည်းတစ်ခုဟာ မြန်မာနိုင်ငံရဲ့ စစ်ဘေးဒဏ်သင့် တိုင်းရင်းသားပြည်နယ်တွေကို လာရောက်ကူညီနေခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။

Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers

ထိုကဲ့သို့ အန္တရာယ်အမျိုးမျိုးကြားမှ တိုင်းရင်းသားနယ်မြေတွင် မြန်မာပြည်သူများ နှစ်ပေါင်းများစွာ အကူအညီပေးခဲ့သောအဖွဲ့ Free Burma Rangers ဟာဆိုရင် Jame Foley Foundation မှ ပေးအပ်ချီးမြှင့်တဲ့ “2020 James Foley Freedom Awards Humanitarian Award” ဆုကို ထိုက်ထိုက်တန်တန်ပင် ရရှိခဲ့ပါတယ်။ဤ ဆုကိုတော့ အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီ မှာ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ Free Burma Rangers အဖွဲ့ဝင်များကိုလည်း မြန်မာပြည်အတွက်နှစ်ပေါင်းများစွာကူညီပေးတဲ့အတွက် မြန်မာပြည်သားများအားလုံးအစား ကျေးဇူးအထူးတင်လျက်ရှိကြောင်းဖော်ပြလိုက်ရပါတယ်။

Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Photo Credit From Free Burma Rangers
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T