စစ်အာဏာရှင်ပြုတ်ကျရေး မီးတုတ်ကိုင် အင်အားပြည့် ချီတက်ဆန္ဒပြတဲ့ မန္တလေးက မဟာအောင်မြေစုပေါင်းညသပိတ်စစ်ကြောင်း

//s9.kh1.co/55/5585e4f5fedf4045e7075b13fb0f514e6738f3db.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက အသွင်အမျိုးမျိုးနဲ့ စောင့်ကြည့်နေတဲ့ကြားက

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့ထဲက အာဏာသိမ်းခံခဲ့ရပါတယ်။ ရက်ပေါင်း ၂၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။

Photo Credit : Black 
Photo Credit : Black 
Photo Credit : Spring Diary
Photo Credit : Spring Diary

အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက အသွင်အမျိုးမျိုးနဲ့ စောင့်ကြည့်နေတဲ့ကြားက မန္တလေးမှာ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်အာဏာရှင် ချေမှုန်းရေး မီးတုတ်ရှို့ကာ မန္တလေးညသပိတ်စစ်ကြောင်းကို အင်အားပြည့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary

မန္တလေး တစ်မြို့လုံးကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အင်းအားသုံးလှည့်လည်နေတဲ့ကြားက မဟာအောင်မြေမြို့နယ် စုပေါင်းညသပိတ်စစ်ကြောင်းက မီးတုတ်တွေကိုင်ဆောင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary

မြန်မာနိုင်ငံအတွင်း တချို့နေရာတွေမှာ လူအင်အားအများအပြားနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ နည်းသွားပေမဲ့ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ကျောင်းမတက်ရေး လှုပ်ရှားမှုနဲ့ သပိတ်မျိုးစုံကို ပုံစံမျိုးစုံနဲ့ဆင်နွှဲနေကြပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T