ပျော်စရာလေးတွေဖန်တီးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ပေးတတ်တဲ့ ချစ်သူလေးကိုပိုင်ဆိုင်ထားတဲ့ထိုင်းမင်းသမီးချောလေး Davikah

//s9.kh1.co/c6/c64eff16edef11f1f1760f0efa86e334c06e3a34.jpeg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပျော်စရာလေးတွေဖန်တီးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ပေးတတ်တဲ့ ချစ်သူလေးကိုပိုင်ဆိုင်ထားတဲ့ထိုင်းမင်းသမီးချောလေး Davikah

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေထဲမှာ တချို့တွေကတော့ ကိုယ်ပိုင်အတွဲလေးတွေကို Official ချပြထားတာဖြစ်ပါတယ်။ထိုင်းမင်းသမီးချော Davikah ဆိုရင်လည်း ထိုင်းမင်းသားတစ်လက်ဖြစ်တဲ့ Ter Chantavit နဲ့ ချစ်သူဘဝကိုလျှောက်လှမ်းနေတာ (၃)နှစ်ကျော်ရှိသွားပြီပဲဖြစ်ပါတယ်။သူမတို့ ချစ်သူစုံတွဲက ထိုင်းနိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြလို့ ဆုတွေလည်း အသီးသီးရရှိထားကြပြီး ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc

Davikah တို့ချစ်သူနှစ်ယောက်က ပွဲအခမ်းအနားတွေဆိုလည်း အတူတူတက်ရောက်ကြပြီး ဇာတ်ကားတွေလည်းစုံတွဲလိုက်သရုပ်ဆောင်ကြပါတယ်။သူမတို့ရဲ့ချစ်ခရီးလမ်း အစလေးကတော့ (၂၀၁၈)ခုနှစ်အလယ်ပိုင်းလောက်မှာတွဲခဲ့တာဖြစ်ပါတယ်။Ter Chantavit နဲ့ Davikah တို့က အသက် (၉)နှစ်နီးပါးကွာပေမယ့် အရမ်းလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်။လက်ရှိမှာလည်း သူမတို့နှစ်ယောက်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်လျက်ရှိပါတယ်။

Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc

ဒီနေ့လေးကတော့ ချစ်သူ Ter ရဲ့ မွေးနေ့လေးဖြစ်လို့ Davikah က စုံတွဲပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။သူမတို့နှစ်ယောက်က အခွီပိုစ့်လေးတွေကို အပြိုင်ပေးထားကြပြီး တစ်ယောက်ကိုတစ်ယောက်နွေးထွေးကြင်နာနေကြတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကလည်းချစ်မဝဖြစ်ခဲ့ကြပါတယ်။သူမအပေါ်မှာအရမ်းဂရုစိုက်ပေးပြီး အရိပ်တကြည့်ကြည့်ချစ်နေတဲ့ ချစ်သူချောချောလေးကိုပိုင်ဆိုင်ထားတဲ့ Davikah ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc
Photo Credit:Davikah’s Instagram acc

Source&Photo Credit:Davikah’s Instagram acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T