မြန်မာပြည်ရဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲတွေအနက် အများလေးစားအားကျရတဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ အဆိုတော် ချစ်သုဝေ နဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်အခိုင်အမာရရှိထားသူတွေဖြစ်ပါတယ်။

သြဂုတ်လ(၁၀)ရက်နေ့မှာ အသက်(၃၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ ချစ်သုဝေဟာ ယနေ့မနက်မှာ သူမရဲ့မေမေ နဲ့ခင်ပွန်းသည် လင်းလင်း တို့နဲ့အတူ ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

ဘာသာမတူပေမယ့် နားလည်မှုတွေနဲ့ ချစ်ခြင်းတွေခိုင်မြဲနေတဲ့ ထရီဇာ နဲ့ လင်းလင်း တို့ဇနီးမောင်နှံဟာ ပရဟိတအလုပ်တွေလည်း တူတူတွဲလုပ်လေ့ရှိပြီး လက်တလောမှာတော့ ခေတ် နဲ့ သစ် အမွှာသမိးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးဖြတ်သန်းနေတာဖြစ်ပါတယ်။

ဘုရားသွားကျောင်းတက်အမြဲတမ်းတူတူသွားလေ့ရှိတဲ့ ချစ်သုဝေတို့ဇနီးမောင်နှံကိုတော့ အတုယူစရာပါပဲ။

ချစ်သုဝေကတော့ သူ့ရဲ့ ဖေ့ဘုတ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ

"Praise the Lord!!!

ဘဝမှာများများစားစားမလိုပါဘူူး...မေတ္တာတွေနွေးထွေးပေးဆပ်မှုတွေနဲ့ ပျော်အောင်ရှင်သန်နိုင်ဖို့ပဲလိုတာ❤️

အားလုံးငြိမ်းချမ်းအေးမြကြပါစေ❤️" ဆုုိပြီး ရေးသားထားပါတယ်။ 

သတင်းအရင်းမြစ် Chit thuwai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။