မင်းတပ်မြို့တွင် စစ်ကောင်စီက အင်တာနက်လိုင်းသာမက ဖုန်းလိုင်းပါ ဖြတ်တောက်ထား

//s9.kh1.co/98/98317e4c809de0efe13e6a9f308249c5a4507e58.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် Telenor နဲ့ Ooredoo အင်တာနက်လိုင်းသာမက တယ်လီဖုန်းလိုင်းများကို စစ်ကောင်စီက စက်တင်ဘာလ (၁၇) ရက်ထဲက ဖြတ်ခံထားရပါတယ်။

Photo credit: Original Uploader
Photo credit: Original Uploader
Photo credit : Original Uploader
Photo credit : Original Uploader

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး  စစ်ကောင်စီကို လက်နက်ကိုင်တော်လှန် တိုက်ခိုက်နေတဲ့ မြို့နယ်များဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း ၊ မကွေးတိုင်းမှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုရှိတယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းရှိ ကနီ၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့တွေနဲ့ မန္တလေးတိုင်းရှိ မိုးကုတ်၊ မြင်းခြံမြို့တွေအပြင် မကွေးတိုင်းရှိ တောင်တွင်းကြီးမြို့နယ်တွေမှာ အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။

Photo credit : Google
Photo credit : Google

ထိုဒေသတွေကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုတွေလည်း မြင့်တက်‌လာနေပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T