(၁၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေး

//s9.kh1.co/ae/aef38f62857225d81364e93d0bbf9d7a2f334cf8.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရွှေဝါရောင်တော်လှန်ရေးနဲ့ ပတ်သက်တဲ့အ​ကြောင်းအရာများကို သိချင်တယ်ဆိုရင်တော့ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရွှေဝါရောင် တော်လှန်ရေး အစမပြုခင် ကန့်ကွက်ဆန္ဒပြမှုများ ရုတ်တရက်ဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းရင်းမှာ လောင်စာဆီ ထောက်ပံ့ထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။၎င်းဖြစ်ရပ်ကြောင့် ဒီဇယ်နှင့်ဓာတ်ဆီဈေးနှုန်းကို ၆၆ရာခိုင်နှုန်းအထိ ရုတ်တရက်တိုးမြှင့်စေခဲ့ပြီး ဘတ်စ်ကားများအတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် ရက်သတ္တပတ် မပြည့်မှီ ငါးဆမြှင့်တက်စေခဲ့ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့တဲ့အတွက်​ ဖြစ်ပါတယ်။

Photo Credit From Simulation
Photo Credit From Simulation

ထိုမှတစ်ဆင့် အဆိုပါ ရွှေဝါရောင်တော်လှန်ရေးသည် ပခုက္ကူမြို့မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။သံဃာတော်တွေအနေနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မှုနှင့် လူထုကြားက အထွေထွေကျပ်တည်းမှုများအတွက် စက်သုံးဆီဈေးနှုန်း ပြန်ချပေးရန် မေတ္တာပို့လမ်းလျှောက်ခဲ့ကြပါတယ်။ဒါကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်တားဆီးရာကနေ ပဋိပက္ခကြီးမားလာခဲ့ကြကာ သံဃာတော်များကို ပခုက္ကူမြို့လယ်ရဲ့ အ.လ.က (၃) ကျောင်းရှေ့ဓာတ်တိုင်ရှေ့တွင် ကြိုးတုပ်ရိုက်နှက်ခြင်းများ စတင်ပြုလုပ်ခဲ့ရာမှ ပြည်သူလူထုပါ ပါဝင်လှုပ်ရှားကြတဲ့ ရွှေဝါရောင်အရေးအခင်းအဖြစ် သတ်မှတ်လိုက်ကြတာပဲဖြစ်ပါတယ်။

Photo Credit From Simulation
Photo Credit From Simulation

(၂၀၀၇)ခုနှစ် ၊ စက်တင်ဘာ (၁၈)ရက်နေ့မှ စတင်ကာ ကန့်ကွက်ဆန္ဒပြမှုများကို ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များမှ ဦးဆောင်ခဲ့တာဖြစ်ပြီးအမျိုးသမီးများ၊အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများနှင့် ကျောင်းသားများ ပါဝင်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် စစ်အစိုးရရဲ့ဖြိုခွင်းခြင်းကို ထပ်မံ မခံရမှီအချိန်အထိ ၎င်းကန့်ကွက်ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ ကန့်ကွက်ဆန္ဒပြမှုများတို့ကို စစ်ကောင်စီမှ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးနောက် ဒါဇင်ပေါင်းများစွာသော ကန့်ကွက်ဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။

Photo Credit From Simulation
Photo Credit From Simulation

နှိမ်နင်းမှုအတွင်း အပါး ၃၀ မှ ၄၀ သော ရဟန်းသံဃာတော်များနှင့် အယောက် ၅၀ မှ ၇၀ သော အရပ်သားပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး ရာပေါင်းများစွာသော သံဃာတော်များသည်လည်း သွေးချောင်းစီးသည်အထိ ရိုက်နှက်ခြင်းခံခဲ့ကြရပါတယ်။ဒါ့အပြင် ဂျပန်နိုင်ငံသား သတင်းထောက် Kenji Nagai ဟာလည်း သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့ပါတယ်။ဒီလိုနဲ့ပဲ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ ဖြိုခွင်းခဲ့ရတာဖြစ်ပါတယ််။ထိုအချိန်မှစ၍ (၂၀၀၇) ခုနှစ် ၊ စက်တင်ဘာ (၁၈)ရက်ကို ရွှေဝါရောင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခဲ့ပြီး နှစ်စဉ်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ကျင်းပလျက်ရှိပါတယ်။ရွှေဝါရောင်အရေးအခင်းဖြစ်ရပ်များကိုပြန်လည်လေ့လာနိုင်ရန် ပုံများထည့်သွင်းဖော်ပြလိုက်ရပါတယ်။

Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Photo Credit From Simulation
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T