အကိုကတော့ ထုတ်ဝေသူကိုရော ဇာတ်ကားစရိုက်ကိုရော နှစ်ခုစလုံး ကြည့်ရတာပါပဲ။သိပ်ပြီးမဟုတ်တဲ့ ကာရိုက်တာတွေကျတော့မရိုက်ဖြစ်ပါဘူး။အကိုလည်း သဘောကျတဲ့ ဇာတ်ကောင်ကာရိုက်တာမျိုးပေါ့နော်။တစ်ခုခုပေါ့။ပရိသတ်အတွက်လည်း အကိုတို့ အိုက်တင်လုပ်လိုက်ရင်တစ်ခုခုကျန်ခဲ့ဖို့ပေါ့။ဖီလင်တစ်ခု အသိတစ်ခုပေါ့။အခု ဂန္ထာဝင်ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ကျော်ထက်အောင်ရယ် အကိုရယ် မင်းသားသစ်မင်းပိုင်ရယ် ပိုင်ဖြိုးသု၊မယ်လိုဒီ၊မြတ်ကေသီအောင်တို့ ပါဝင်ပါတယ်။ဒီဇာတ်ကားထဲမှာ အကိုက နှစ်ဘဝပေါ့။အခုလောလောဆယ်တော့ အကြီးဘဝအတွက် မုတ်ဆိတ်တွေထားထားပြီးတော့ ရိုက်နေတယ်။ဝှီးချဲနဲ့ စိတ်ဓတ်တွေကျပြီးနေရတာပေါ့။အငယ်ဘဝရှိသေးတယ်။အငယ်ဘဝမှာ မယ်လိုဒီနဲ့တွဲရတယ်။အကြီးဘဝမှာ မြတ်ကေသီအောင်နဲ့တွဲရမယ်။

အကိုကတော့ ပရိသတ်တွေ အကို့ကို ခုအချိန်အထိ အားပေးတာကိုကျေးဇူးတင်ပါတယ်။အကို့အမြင်ကပ်စရာ အခန်းတွေလည်း အများကြီးသရုပ်ဆောင်ဖူးတယ်။ပရိသတ်လည်းသိပါတယ်။ငိုရတဲ့ဟာလေးတွေလည်း သရုပ်ဆောင်ဖူးတယ်။အမျိုးမျိုးပေါ့။အဲဒါ အကို့ဘက်က အကောင်းဆုံးဖြစ်အောင်ကြိုးစားလို့ ပရိသတ်က အကို့ကို ပြန်ပြီးချစ်တာ၊အားပေးတာလို့ မြင်ပါတယ်။အဲဒီအတွက် ဘယ်လိုနေရာဘဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ခံယူထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းအရင်းမြစ် စံေတာ္ခ်ိန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။