အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေထဲမှာ အရင်ဆုံးအဖမ်းခံခဲ့ရတဲ့ ဒေါ်မျိုးမျိုးအေး အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရ

//s9.kh1.co/f4/f42ea7cb7589075ee6396e4c0c9aef6397c47657.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့အဖွဲ့အစည်းဟာလည်း စစ်ကောင်စီ အာဏာစသိမ်းကတည်းက အလုပ်သမားတွေနဲ့အတူ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့  နီးစပ်သူတစ်ဦးက ပြောပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

စစ်ကောင်စီတပ်ဖွဲ့က ပုဒ်မ ၅၀၅(က) နဲ့ ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် နဝရတ်ဈေးမှတ်တိုင်အနီးက သူ့ရုံးခန်းမှာ စစ်ကား ၄ စီး လူအင်အား ၄၀ လောက်နဲ့  ဧပြီ ၁၅ ရက် နေ့ခင်းပိုင်းမှာ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်မျိုးမျိုးအေးဟာ STUM ရဲ့ အစီအစဉ်ဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့အဖွဲ့အစည်းဟာလည်း စစ်ကောင်စီ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ ကတည်းက အလုပ်သမားတွေနဲ့အတူ ဆက်တိုက်သပိတ်မှောက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်မျိုးမျိုးအေးဟာ အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေထဲမှာ အရင်ဆုံးအဖမ်းခံခဲ့ရသလည်း ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အင်းစိန်ထောင်ကို ကိုဗစ်ကြောင့် လော့ဒေါင်း ချထားတာကြောင့် မိသားစုတွေဟာ အဖမ်းခံရသူတွေနဲ့ အဆက်အသွယ်ပြတ် နေခဲ့ပါတယ်။

ဒေါ်မျိုးမျိုးအေးကို ဘာကြောင့် တိုက်ပိတ်ထားတယ်ဆိုတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။ စက်တင်ဘာ ၁၅ ရက်နေ့က ထောင်တွင်း ရုံးထုတ်တွေရှိတယ်ဆိုပြီး သတင်းကြားတဲ့အတွက် သွားရောက်စုံစမ်းရာမှာ ဒေါ်မျိုးမျိုးအေးကို တိုက်ပိတ်ထားတယ်ဆိုတာပဲသိခဲ့ရတာပါ။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T