မင်းသမီး မြတ်သူသူကတော့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ တစ်ဖန်ပြန်လည်ပြီး အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲက အခုလက်ရှိမှာ နောင်တစ်ကြိမ် ပြန်လည်ပြသနေတာ ဖြစ်ပြီး အိမ်ထောင်ရေးပညာပေးဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်.....။
မြတ်သူသူဟာ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် မြညိုအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပြီး မေမီကိုကို၊ အောင်ရေချမ်းတို့နဲ့အတူ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မြတ်သူသူဟာ ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း ဒီဇာတ်၀င်ခန်းတွေကြောင့် အားမလိုအားမရတွေဖြစ်ကာ ဇာတ်ရှိန်တက်ခဲ့ကြတာဖြစ်ပါတယ်။
မြတ်သူသူဟာ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် အညာဒေသက ထမင်းဆိုင်ပိုင်ရှင်အနေနဲ့သရုပ်ဆောင်ရတာကြောင့် ဇာတ်လမ်းရိုက်ကူးဖို့အတွက် ဥသျှစ်ပင်မှာ (၃)လလောက်နေခဲ့ရတာဖြစ်ပါတယ်။ ဥသျှစ်ပင်က ကျီးသဲအသုပ်ဆိုင်ကနေ (၃)လလုံး မနက်တိုင်းအသုပ်နဲ့စားရတာကတော့ သူမဘ၀ရဲ့အမှတ်တရလေးဖြစ်တယ်လို့ ဆိုထားပါတယ်။ ရောက်တုန်းလေးစားရတာကြောင့် (၃)လလုံးစားခဲ့ရတာတောင် မရိုးသွားပဲ အခုထက်ထိလည်းစားချင်နေမိကြောင်းလည်း ရေးသားထားတာတွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Myat Thu Thu-မြတ်သူသူ's FB Page