နွေရာသီရောက်တိုင်း ရေအောက်ထဲမြုပ်သွားတတ်တဲ့ ထူးထူးခြားခြား ပန်းခြံလေး

//s9.kh1.co/fa/faef3eb56f1d2197d372156d7fb6c7f1f9afe14d.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Grner See (Green Lake) လို့ခေါ်တဲ့ ဒီပန်းခြံလေးဟာ ဩစတေးလျ နိုင်ငံမှာတည်ရှိပြီး Underwater Park လို့လည်းခေါ်ကြပါတယ်။

Underwater Park လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ ဒီပန်းခြံလေးအနီးမှာရှိတဲ့ Hochschwab တောင်တွေပေါ်က ရေခဲတွေဟာ နွေရာသီရောက်တိုင်းပန်းခြံလေးထဲကို အရည်ပျော်ကြပြီး ပန်းခြံတစ်ခုလုံးကို ရေအောက်ထဲနစ်မြုပ်သွားစေလို့ပဲ ​ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/8f/8fc9893f9d6e1c4ee38d76a0b2be08354717da3a.jpg

ရေခဲတွေ အရည်ပျော်လာချိန်မှာဆိုရင် ဒီပန်းခြံလေးထဲက သစ်ပင်တွေ ၊ပန်းလေးတွေ ၊ထိုင်ခုံတန်းလျားလေးတွေ ၊ ပန်းခြံလမ်းလေးတွေ ၊ တံတားလေးတွေ အကုန်လုံး ကြည်လင်နေတဲ့ ရေကန် အောက်ကိုခေတ္တရောက်ရှိသွားကြပါတယ်။

ရေအောက်ကိုရောက်သွားတဲ့အချိန်မှာ ပန်းခြံလေးရဲ့အလှဟာပိုပြီး ထူးကဲနေတာကြောင့် အဲ့အချိန်ဆိုရင် ခရီးသွားပြည်သူတွေဟာ ဒီပန်းခြံလေးကို လာရောက်လည်ပတ်မှုပိုများလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/61/619e01c371ea26d15bbf51750dbc3de22265fad8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c8/c8ed99f6cb3f4a89cc168bef7865de8ebdeb711e.jpeg

ဆောင်းရာသီအဝင်လောက်မှာတော့ ဒီပန်းခြံလေးဟာ ရေပေါ်ကို ပြန်ပေါ်လာတတ်ပြီး ၃ ပေလောက်ရှိတဲ့ ရေကန်လေးသာ ကျန်ရှိခဲ့ပါတယ်။

နွေရာသီမှာပန်းခြံတစ်ခုလုံး ရေထဲရောက်ရှိသွားတဲ့ ဒီပန်းခြံလေးဟာ သဘာဝရှုခင်းတွေကလည်း လှပတဲ့အပြင် နေရာလေးကလည်း တိတ်ဆိတ်လွန်းလှတဲ့ကြောင့် လာရောက်လည်ပတ်သူတွေ များပြားလျက်ရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8e/8e772d456132e23de7abe14b43394fb52c1b2508.jpeg
https://s9.kh1.co/__image/w=650,h=385,q=100/bd/bdfafeeba54c458adcd5a3186357c2d8def078b5.jpeg

သတင်း အရင်းအမြစ်Mymodernmet

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T