မိန်းမဖြစ်သူကောင်းကျိုးကြောင့် မိမိဝါသနာကို ရှာတွေ့သွားပြီး နာမည်ကြီးလာတဲ့ လူသား

//s9.kh1.co/52/52a90e201406b5d8831396387d4185ea293b868b.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တခါတလေကျရင် ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့ ပဲ ဟိုရောက် ဒီရောက်ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလို လူမျိုးတွေအတွက်ဆိုရင် မိန်းမယူလိုက်ဖို့ အကြံပေးချင်ပါတယ်။ ခုဆိုလည်း Noel Cruz ဆိုတဲ့ ဖီလစ်ပီးနိုး-အမေရိကန် အနုပညာရှင် တစ်ယောက်ဟာဆိုရင် မိန်းမ မရခင်အထိ ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့ပဲ ဟိုယောင်ဒီယောက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူယူလိုက်တဲ့ မိန်းမက အရုပ်စုဆောင်းတာကို ဝါသနာပါတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=601,h=599,q=100/86/8690937cc47ee512db728e6afaeef2894e14752b.png
https://s9.kh1.co/__image/w=603,h=395,q=100/52/52e98d3b17b97fad433ee1c5567be0bb716ef5d0.png

တစ်နေ့ကျတော့ သူ့မိန်းမရဲ့ အရုပ်တွေကို ကြည့်ရင်းနဲ့ အကြံအဉာဏ်တစ်ခုရသွားပါတယ်။ အရုပ်တွေရဲ့ မျက်နှာကို ဆေးခြယ်ပြီး နာမည်ကျော်ကြားတဲ့သူတွေနဲ့ တူအောင်ပြုပြင်ဖို့ပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဆေးခြယ်ခြင်းဟာလွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အင်မတန်ကို ခက်ခဲတဲ့ ပညာတစ်ခုလည်း ဖြစ်ပါတယ်။ အရုပ်တွေရဲ့ မျက်နှာက အလွန်သေးပြီးတော့ ကုမ္ပဏီတွေက ထုတ်တဲ့ ready made အရုပ်တွေကို သေချာ ပြင်ဆင်ပြီးလုပ်ရတာဖြစ်ပါတယ်။ အရုပ်တွေကို အနုပညာရှင်နဲ့တူအောင် လုပ်ဖို့အပြင် တူတဲ့အရုပ်ကိုပါ ရှာရတဲ့အတွက် ဘယ်လောက်ခက်ခဲလဲ ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိပါတယ်။

https://s9.kh1.co/__image/w=602,h=655,q=100/75/752d732625d5632bc4bca9586217a168fe9affdf.png
https://s9.kh1.co/__image/w=601,h=358,q=100/25/25609bc2903973d3a0bbd9aba6e933f0120a50e9.png

ပထမဦးဆုံးအနေနဲ့ အရုပ်တွေကို ကိုယ်တူစေချင်တဲ့ သူရဲ့ အသားအရောင်ကို တူအောင် ခြယ်ရတာဖြစ်ပါတယ်။ အပြင်မှာ မိတ်ကပ်ခြယ်ပေးသလိုပဲ ခြယ်ရတာဖြစ်ပါတယ်။ ပြီးတော့ အရုပ်ရဲ့ မလိုအပ်တဲ့ နေရာတွေ ကိုယ်ပုံတူဆွဲမဲ့ သူနဲ့ အရမ်းကွာခြားတဲ့ ဟာတွေကို ဖြတ်တောက်ပြီးလုပ်ရတဲ့ အတွက် တစ်ခုပြီးဖို့ဆို အနည်းဆုံးနာရီ ၄၀ လောက်ကြာပါတယ်။ အဲ့ဒီလိုမျိုး သေချာခြယ်ပြီး တူအောင်လုပ်ထားတဲ့ အရုပ်တွေက တစ်ရုပ်ကို ဒေါ်လာ ၅၀၀ က နေ ဒေါ်လာ ၄,၃၀၀ ထိကျတဲ့ အတွက်တော်တော်စျေးကြီးတယ်လို့လည်း ပြောရမှာပါတယ်။

https://s9.kh1.co/__image/w=596,h=476,q=100/96/9681ef118c040afe3bcdb78582e56c196c562045.png
https://s9.kh1.co/__image/w=566,h=468,q=100/98/982a6f9ad5e3538973099608c7b744b2cf02762e.png
https://s9.kh1.co/__image/w=600,h=481,q=100/08/0818ba441c9cb877f22cd94bb2db8d90c0ca9845.png
https://s9.kh1.co/__image/w=600,h=583,q=100/ba/ba245ae866dff6b7a9a491c7d4c44960b41f5453.png
https://s9.kh1.co/__image/w=598,h=381,q=100/e5/e53fcc98d9d058e441dc7cf0a07bd23125ddef69.png

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T