နိုင်ငံအတွက်အကောင်းဆုံးပေးဆပ်ရန်မြန်မာယူ-22အသင်းမှရတနာပုံကစားသမားများကိုဒေါက်တာစိုင်းတိုက်တွန်း


ရတနာပုံအသင်းပိုင်ရှင်နဲ့ဥက္ကဌဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်း

ဟာမြန်မာယူ-22အသင်းမှာပါဝင်နေတဲ့ရတနာပုံကစားသမားတွေကိုနိုင်ငံအတွက်အကောင်းဆုံးပေးဆပ်ဖို့တိုက်တွန်းခဲ့ပါတယ်။MNLကလပ်ရတနာပုံအသင်းမှ အောင်သူ၊လှိုင်းဘိုဘို၊ရှိုင်းသူရ၊စည်သူအောင်၊ရဲရင့်ထွန်းတို့ဟာ 29ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဝင်မယ့်မြန်မာလူငယ်အသင်းမှာရွေးချယ်ခံထားရပါတယ်။

"မိမိနိုင်ငံနဲ့လူမျိုးအတွက်အားကစားစိတ်ဓာတ်အပြည့်နဲ့ပြိုင်ဖက်ကစားသမားတွေကိုအနိုင်ယူပြီးအောင်မြင်မှုရအောင်အစွမ်းကုန်ကြိုးစားပေးဆပ်ကြပါ"လို့ဒေါက်တာစိုင်းကအောင်သူတို့ ငါးယောက်ကိုမှာကြားခဲ့ပါတယ်။ကစားသမားတွေကလည်းဒေါက်တာစိုင်းရဲ့စကားကို

မြေဝယ်မကျနားထောင်လိုက်နာသွားမယ်လို့ကတိပေးခဲ့ပါတယ်။


Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။