အသိုင်းအဝိုင်းက ပြန်လက်ခံရန် မိမိကို မုဒိန်းကျင့်ခဲ့တဲ့သူနဲ့ ပြန်လည်လက်ထပ်ခဲ့ရတဲ့ အာဖဂန်မှ အမျိုးသမီး

//s9.kh1.co/59/5962019452f9c99af1073e33f94bd563bf0c40e4.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်မှ အမျိုးသမီးတစ်ဦးဟာ ၁၆ နှစ်အရွယ်တွင် ခဲအိုဖြစ်သူမှ မုဒိန်းကျင့်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဖောက်ပြန်မှုနှင့် ထောင် ၁၂ နှစ်ကျခဲ့ရပြီး ထောင်ထဲတွင် ကလေးမွေးခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ခဲ့ပေမယ့်လည်း အာဖဂန်အသိုင်းအဝိုင်းမှ ပြန်လက်ခံစေရန်အတွက် သူမကို မုဒိန်းကျင့်ခဲ့တဲ့သူကို လက်ထပ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/a0/a0fb8de86f45fb2dba787e9fa76091d825632a7f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b1f8f6e4b5c81da7585f45d062395fb4d2bd242.jpg

သူမက သမီးလေးရဲ့ဘဝကို ဒုက္ခမရောက်စေလိုသဖြင့် ပြန်လက်ထပ်ခြင်းဖြစ်ပြီး ထုံးတမ်းစဉ်လာအရ သေရမည်ထက် နာမည်ဆိုးနှင့်နေရမည်မှာ ပိုကြောက်ဖို့ကောင်းတဲ့အတွက် လက်ထပ်ခဲ့ရခြင်းဖြစ်တယ်လို့ CNN ကိုပြောကြားခဲ့ပါတယ်။ မိခင်ဆိုတာ ကိုယ့်သားသမီးအတွက် ကြည့်တက်တယ်ဆိုတာ ဒီကိစ္စဟာ ဥပမာပါပဲ။ ခုချိန်မှာတော့ ဘာပြသနာမှမရှိဘဲ အရင်ပြသနာများကို မစဉ်းစားလိုကြောင်း ပြောခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=320,h=180,q=100/0e/0e3846255dd207cb4c8daaf3e8e703f3c451ed55.jpg
https://s9.kh1.co/__image/w=650,h=391,q=100/d6/d6be24d57b00479e8209a390ec2f3c68954d3156.jpg

သူမရဲ့ရှေ့နေက လက်ထပ်ခဲ့ရခြင်းဟာ အစိုးရမှ ဖိအားပေးသောကြောင့်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ငယ်ရွယ်ပြီး ပညာမတတ်သည့်အပြင် ကလေးတစ်ယောက်အမေ အနေဖြင့် မရပ်တည်နိုင်တာ‌ေကြာင့်လည်း ပါ၀င်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။ မုဒိန်းကျင့်ခဲ့တဲ့သူကတော့ သူ့အနေနဲ့ သူမကိုလက်ထပ်ခြင်းဖြင့် ကူညီလိုက်ကြောင်းသား ပြောခဲ့ပါတယ်။ ဒီကိစ္စဟာကြာပြီဆိုပေမယ့် မိခင်မေတ္တာကို ရည်ညွှန်းပြီး ပြန်လည်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T