ပရိသတ်ကြီးရေ အနုပညာသက်တမ်းကြာမြင့်နေပြီဖြစ်သလို အခုချိန်ထိအရွယ်တင်နုပျိုနေဆဲ ပရိသတ်ချစ်ခင်အားပေးနေကြဆဲဖြစ်တဲ့ အနုပညာရှင်ကတော့

မခိုင်လေးလို ့ခေါ်ကြတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။

မခို်င်လေးဟာ ဇာတ်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေရသလို မကြာသေးခင်က 

ကျင်းပခဲ့တဲ့ Empress Lace Bridal & Luxury Fashion Show ပွဲမှာလည်း

ပါဝင်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ မခိုင်လေးဟာ အစိမ်းရောင်ဖက်ရှင်လေးနဲ ့ရှိုးလျှော

က်ခဲ့ရာမှာ အရမ်းမြန်တယ်လို ့ဝေဖန်မှုတွေရှိခဲ့တဲ့အတွက် လူမှု

ကွန်ရက်စာမျက်နှာကနေ သူမရဲ ့ပုံစံလေးအတိုင်းပွင့်ပွင့်လင်းလင်းနဲ ့

ချစ်စရာကောင်းအောင် ပြန်ရှင်းပြခဲ့ပါတယ်။

“စင်ပေါ်မှာလမ်းလျှောက်ရတဲ့အလုပ်ကကိုယ့်ကိုကိုယ်

ယုံကြည်မှု ့မရှိဆုံးအလုပ်ဘဲ

ခြေလှမ်းကဘဲသွား အရပ်ကပုသေး ကိုယ်လုံးကငေးရလောက်အောင်မလှ

ပြဇာတ်ကသလိုလဲဘာအိုက်တင်မှမလုပ်ရ

လမ်းလျှောက်တာအရမ်းမြန်တယ်လို ့ပြောကြလို ့ရှင်းပြတာပါ

နောက်တခါမလွှဲသာမရှောင်သာလျှောက်ဖြစ်ရင်တော့ဖြေး

ဖြေးလျှောက်ပါမယ်နော်” လို ့ပရိသတ်ကြီးကို ပြောပြသွားခဲ့ပါတယ်။

ဒီလို ပွင့်လင်းရိုးသားတဲ့ မခို်င်လေးရဲ ့အပြောအဆိုလေးတွေကြောင့်ပဲ ပရိသတ်တွေက ချစ်ခင်အားပေးနေရတာပဲဖြစ်ပါတယ်နော်…

သတင်းအရင်းမြစ် Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။