ထိုင်းမလေး Lisa ကတော့ Black Pink Member တစ်ဦးအဖြစ် ပွဲထွက်ပြီးကတည်းက အောင်မြင်မှုတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ အခုဆိုရင် Lisa က သူမရဲ့တစ်ကိုယ်တော် အယ်ဘမ်ကို ချပြနိုင်တော့မှာဖြစ်သလို ဒီ Solo Album ထဲက ထွက်ရှိလာတဲ့ "LALISA" MV ကလည်း အရမ်းကိုအောင်မြင်နေတာ တွေ့ရပါတယ်။ Lisa ရဲ့ "LALISA" MV ထွက်ပြီးတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံမှာ ခေါင်းဆောင်းတွေ ရောင်းအားတက်ခဲ့သေးတာ ဖြစ်ပါတယ် ။
Lisa က နိုင်ငံတကာမှာ ပရိသတ်တွေ အမြောက်အမြား ရရှိထားသူဖြစ်သလို မြန်မာနိုင်ငံမှာလည်း သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေအများအပြား ရရှိထားတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မြန်မာပရိသတ်တွေကို မြန်မာဘာသာစကားနဲ့ နှုတ်ဆက်ထားတဲ့ Lisa ရဲ့ဗီဒီယိုဖိုင်လေးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားနေတာ တွေ့ရပါတယ်။ Lisa က "မင်္ဂလာပါ" ဆိုပြီး မြန်မာနိုင်ငံက Blinks တွေကို ဝမ်းသာအားရ နှုတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ် ။
မြန်မာပရိသတ်တစ်ယောက်နဲ့ Video Call ပြောခဲ့တဲ့ Lisa က မြန်မာစကားနဲ့ ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာမေးပြီး "မင်္ဂလာပါ" လို့ နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ် ။ Lisa ရဲ့ချစ်ဖို့ကောင်းတဲ့ ဟန်ပန်တွေနဲ့ မြန်မာစကားပြောလိုက်တဲ့ ပုံစံလေးကိုကြည့်ပြီး မြန်မာပရိသတ်တွေက အရမ်းကိုသဘောကျနေကြတာပဲ ဖြစ်ပါတယ် ။ မြန်မာဘာသာစကားနဲ့ Myanmar Blinks တွေကို နှုတ်ဆက်ပြခဲ့တဲ့ အဆိုတော်မလေး Lisa ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source & Video Credit-"K-Dream" Facebook Page