သရုပ်ဆောင်မင်းသမီးချော မြတ်နိုးအေးကတော့ နွေဦးတော်လှန်ရေးရဲ့ အရေးတော်ပုံကြီးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ တစ်ထောင့်တနေရာကနေ တတ်နိုင်သလောက် အစွမ်းကုန်ပါဝင်လှုပ်ရှားနေတာကြောင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ သူမကလည်း တစ်ဦးအပါအဝင်ပါပဲ။
လက်ရှိမှာလည်း Public Voice ရဲ့ သတင်းလားဂျင်းလား အစီအစဉ်မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ မြတ်နိုးအေးကတော့ သူရဒ့ရဲ့ပျော်စရာအချိန်လေးတွေကို ဝေမျှလာပါတယ်။ သူမရဲ့ Idol တစ်ယောက်ဖြစ်တဲ့ ကျားပေါက်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေး လက်ဆောင်ရလို့ ပျော်နေတာလေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်။
Raffle ticket challenge ပွဲ မှာတုန်းက အရမ်းလိုချင်နေတာလေးကို တော်လှန်ရေးလက်ဆောင်အဖြစ် ကျားပေါက်က ထပ်ဆွဲပေးထားတာလေးကြောင့် ပျော်နေတာလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ပြောပြထားတာ ဖြစ်ပါတယ်။ ပန်းချီကားလက်ဆောင်လေးအတွက်လည်း မြတ်နိုးအေးက ကျေးဇူးတင်စကားဆိုထားသလို ပရိသတ်တွေကလည်း အားကျကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Myat Noe Aye'd Fb Acc