ပြည်သူချစ်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာအောင်မြင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။ဧပြီလ (၉)ရက်နေ့ကတော့ ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက၅၀၅(က) ပုဒ်မနဲ့ နေအိမ်တွင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်က ဒီနေ့အထိပြန်မလွတ်သေးဘဲ ဖမ်းဆီးခံထားရတာ (၅)လကျော်ရှိသွားပြီဖြစ်လို့ ပြည်သူတွေကလည်း အရမ်းသတိရနေကြတာဖြစ်ပါတယ်။
ပြေတီဦးတို့ဇနီးမောင်နှံနဲ့ ထောင်တွင်းမှာ တွေ့ဆုံခဲ့ရတဲ့ လူငယ်တွေကလည်း အရမ်းသတ္တိရှိကြတဲ့ သူတို့နှစ်ယောက်ကို လေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်ဦးက ဦးတီနဲ့ အူဝဲတို့ရဲ့အဖြစ်အပျက်လေးတစ်ခုကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ထောင်မှာဆိုရင် တရားဝင်လင်မယားတွေ အချုပ်အတူတူကျတဲ့အခါ (၂)ပတ်မှ တစ်ခါပဲတွေ့ခွင့်ရှိတာဖြစ်ပါတယ်။အဲ့ဒီတစ်ရက်ကတော့ တနင်္ဂနွေနေ့ဖြစ်ပြီး ဦးတီကလည်း အူဝဲဆီကိုသွားတွေ့ခဲ့တာဖြစ်ပါတယ်။
ချစ်ဇနီးလေးနဲ့တွေ့ရတော့မယ့် ဦးတီက သေချာဖြီးလိမ်းပြင်ဆင်ကာ သွားတွေ့ခဲ့ပေမယ့် မျက်နှာကြီးဆူပုတ်ပြီးပြန်လာတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးလည်း ဘာဖြစ်တာလဲဆိုပြီး မသိမသာလေးမေးကြည့်တဲ့အခါမှာ နို့ထမင်းလှူတာ စာရင်းလွဲနေတာကြောင့် အူဝဲက ဆူလိုက်တာလို့သိရပါတယ်။အူဝဲဆူလိုက်လို့ တစ်နေကုန်ထိုင်စိတ်ကောက်နေတဲ့ ဦးတီရဲ့ ငိုရခက်ရယ်ရခက် အခြေအနေလေးကို ပြည်သူတွေလည်းဖတ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder