မီးလောင် ပျက်စီးသွားတဲ့ နှမ်းခါးရွာက အိမ်များအတွက် ကျပ်သိန်း (၅၀) သွားရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့တဲ့ ဆရာတော် တစ်ပါး

//s9.kh1.co/2b/2bf61a6db0a64955a8e550f94c11140e6dd20d6f.jpeg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မကြာခင်ရက်ပိုင်းက ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ  ဒေသခံတွေရဲ့ နေအိမ်တွေကို အာဏာရှင် လူတစ်စု ဘက်က မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကို တွေ့ရပါတယ် ။ နေအိမ် များစွာ ပြာကျ ပျက်စီး ခဲ့ရလို့လည်း သိရပါတယ် ။ တစ်ချို့ဆို လူတောင်မနေရသေးတဲ့ အိမ်အသစ်တွေ မီးလောင်တဲ့ အထဲ ပါသွားတာ စိတ်မကောင်းစရာပါပဲ ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

ဒီလို ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ အဖြစ်ကို ကြည့်ပြီး ပြည်သူအားလုံးကလည်း ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ ဒါ့ကြောင့်လည်း တတ်နိုင်သလောက် ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော် တစ်ပါးက မီးလောင်ကာ ပျက်စီးသွားတဲ့ နှမ်းခါးရွာက ဒေသခံတွေရဲ့ အိမ်များအတွက် အလှူငွေများ လာရောက် ထောက်ပံ့ပေးလျက်ရှိတာ တွေ့ရပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

နှမ်းခါးရွာကို ဆရာတော်ကိုယ်တိုင် ခက်ခက်ခဲခဲ ကြွရောက်လာပြီး တစ်အိမ်ထောင်ကို တစ်သိန်း ကျပ်နှုန်းနဲ့  စုစုပေါင်း ငွေကျပ် သိန်း (၅၀) ကို လှူဒါန်းထောက်ပံ့ပေးခဲ့တာကို တွေ့ရပါတယ် ။ အလှူပုံရိပ်တွေနဲ့ အတူ ပျက်စီးသွားတဲ့ နေအိမ်ပုံရိပ်တွေကိုလည်း ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T