ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာ အမျိုးသားတစ်ဦး တိုက်ပေါ်က ခုန်ချခဲ့ပါတယ်။
၄င်းအမျိုးသားဟာ ယုကီလို့ခေါ်တဲ့ ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၁၁ လွှာမှာရှိတဲ့ တိုက်ခန်းကနေ ခုန်ချသတ်သေခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသားဟာ တစ်ယောက်ထဲနေထိုင်သူဖြစ်ပြီး ပတ်ဝန်းကျင်နဲ့လည်း သိပ်အဆက်အဆံမရှိဘူးလို့ သိရပါတယ်။
ရဲတွေရောက်လာချိန်မှာတော့ ၄င်းအမျိုးသားဟာအသက်မဲ့နေပြီဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် လက်လည်းကျိုးနေသလို ခန္ဓာကိုယ်ဟာလည်း ပုံပျက်နေခဲ့ပါတယ်။
အိမ်နီးချင်းတွေရဲ့ ပြောကြားချက်အရတော့ ဒီအမျိုးသားဟာ Covid-19 ရောဂါပိုးကူးစက်ခံရတာကြောင့် အခုလိုသတ်သေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့အလောင်းကနေ Swab Test ယူပီးစစ်ဆေးကြည့်တဲ့အခါမှာလည်း Covid-19 ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Nationthailand