ပုံမှန်မဟုတ်တဲ့မျက်နှာကြောင့် ဝေဖန်မှုတွေရှိပေမယ့်လည်း ဘ၀ကိုအရှံးမပေးတဲ့ ကလေးငယ်

//s9.kh1.co/a5/a560e24a7a24d3e8f23088f664f019ce74d714c7.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၇ နှစ်ရှိပြီဖြစ်တဲ့ နက်တီဟာ Treacher Collins Syndrome ဆိုတဲ့မွေးရာပါရောဂါ ပါလာသူဖြစ်ပါတယ်။ ဒီရောဂါဟာ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး မျက်နှာပုံပန်းမမှန်ဘဲ မွေးလာတတ်ပါတယ်။ နတ်တီရဲ့မိဘနှစ်ပါးက သမီးလေးကိုယုံကြည်မှုရှိလာအောင် ခက်ခက်ခဲခဲပြုစုပျိုးထောင် ပေခဲ့ရပါတယ်။ နက်တီသုံးနှစ်အရွယ်တုန်းက အဒေါ်ကြီးနှစ်ယောက် လာကြည့်တုန်းက " စိတ်မပူနဲ့၊ဒီခေတ်ကခွဲစိတ်လိုက်ရင် ရပါတယ် " လို့တောင် ပြောခဲ့ပါတယ်။ တခြားတစ်ယောက် ဆိုရင်လည်း သူ့ရဲ့မျက်နှာက ဘာမှားနေလည်းလို့တောင် ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=951,q=100/cb/cb64f320620b7856020f677703c34c198c451a06.jpg
https://s9.kh1.co/__image/w=634,h=476,q=100/88/8814f3caa67012010858776cd4874477cb33062c.jpg

ရောဂါက မျက်နှာပုံပန်းပျက်တာတင် မဟုတ်ဘဲ အသက်ရှုတာ၊ အကြားအာရုံ၊ စားသောက်တာနဲ့ စကားပြောတာကိုပါ ထိခိုက်စေပါတယ်။ ဒါပင်မဲ့ ညာဏ်ရည်ကတော့ ပုံမှန်ရှိပါတယ်။ လူတွေရဲ့ ရက်ရက်စက်စက်ဝေဖန်မှု တချို့ကလွဲရင် နက်တီကို ပုံမှန်ကလေးအတိုင်းဘဲ ကြီးပြင်းလာအောင် မိဘနှစ်ပါးက စောင့်ရှောက်ပေးခဲ့ပါတယ်။ ရွယ်တူကလေးတွေကတော့ နက်တီအခြေအနေကိုသိရင် လွယ်လွယ်ကူကူဘဲ လက်ခံလိုက်ပြီး တူတူကစားကြပါတယ်။

https://s9.kh1.co/__image/w=634,h=951,q=100/04/047030c490bcf59a5da145c5136526502d57047f.jpg
https://s9.kh1.co/__image/w=634,h=634,q=100/84/849c8d328ab28e50c92cc1606f9d04df551f79f7.jpg

ဒါပင်မဲ့ လူကြီးတွေကတော့ နက်တီကိုမြင်ရင် အထူးအဆန်းလို ကြည့်ကြပြီး နက်တီကလည်း အဲ့အကြည့်တွေကို ခံစားမိပါတယ်။ ယခုအခါမှာတော့ နက်တီက အတန်းဖော်တွေနဲ့ ဆက်သွယ်လို့ရအောင် လက်ဟန်ခြေဟန်နဲ့ စကားပြောကိုသင်ယူနေပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံးလည်း မရေတွက်နိုင်အောင် ခွဲစိတ်မှုတွေ ခံယူခဲ့ရပါတယ်။ မိဘတွေကတော့ နက်တီ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။

https://s9.kh1.co/__image/w=634,h=1127,q=100/db/db531edd3be084c43f6c5af7231430632673611a.jpg
https://s9.kh1.co/__image/w=634,h=845,q=100/51/51c35824c7bdb3210fd9cc62b2a576e35d87d389.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T