သွေးပျက်ကြောက်လန့်စရာခြောက်လှန့်မှုတွေကြောင့် နာမည်ကြီးတဲ့သရဲအိမ်ကြီး

//s9.kh1.co/8c/8cec1202e937b89dbfb2ec2ff7c5c5ad8caf2ad2.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေရင်းမှာရှိတဲ့ Fuji-Q Highland Theme Park ထဲက Labyrinth of Fear လို့ခေါ်တဲ့ သရဲအိမ်ကြီးကတော့ တော်တော်လေးကြောက်စရာကောင်းတဲ့ သရဲအိမ်ကြီးပဲဖြစ်ပါတယ်။

ဒီအိမ်ကြီးထဲကို ဝင်ရောက်ဖူးသူတိုင်းကတော့ သွေးပြတ်မတတ်ကြောက်စရာကောင်းလွန်းတဲ့နေရာလို့ မှတ်ချက်ပေးကြပြီး တော်ရုံသတ္တိမရှိပဲနဲ့တော့ ဝင်ဖို့မလွယ်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=386,q=100/64/64ad9d07306ff091589852680902d85d0aba4ebe.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e2/e259c25eaacf21dd985d6c94cbe830e88794e29c.jpg

ဒီသရဲအိမ်ကြီးကတော့ ဆေးရုံပျက်ကြီးပုံစံပြုလုပ်ထားတဲ့ နှစ်ထပ်အိမ်ကြီးဖြစ်ပြီး အထဲကအပြင်အဆင်တွေက တော်တော်လေးကြောက်ဖို့ကောင်းပါတယ်။

ဒီအိမ်ကြီးထဲမှာ ထူးခြားထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေ ၊ ကြောက်လန့်ဖို့ကောင်းတဲ့ အသံနဲ့ လျှပ်တပြက်ပေါ်လာတတ်တဲ့ သရဲတွေနဲ့ တစ်ခါတစ်ရံ ကိုယ်ရှေ့ကိုအလောင်းကောင်ကြီးတွေ ပြုတ်ကျလာတာမျိုးတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=387,q=100/3d/3d0b0279275bb04c9b08027d9ca5d2c1522382e4.jpg
https://s9.kh1.co/__image/w=240,h=160,q=100/76/769630ca3def07e04b988b0a826db5b0722cb1f4.jpeg

ဒီအိမ်ကြီးထဲမှာ တပ်ဆင်ထားတဲ့မီးရောင်တွေနဲ့ ဖန်တီးထားတဲ့အသံတွေကလည်း တော်တော်ခြောက်ချားစရာကောင်းသလို သွေးပျက်စရာခြောက်လန့်မှုတွေကြောင့် လမ်းတစ်ဝက်လောက်နဲ့တင် ပြန်ပြေးထွက်ချင်စိတ်ဖြစ်မိလောက်ပါတယ်။

ဒါပေမယ့် ဒီအိမ်ကြီးထဲက ထွက်လာနိုင်သူကို သတ္တိကောင်းသူဟုဆိုကြတာကြောင့် လူတော်တော်များများကတော့ ကြောက်ကြောက်နဲ့ လမ်းဆုံးအောင်သွားကြပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b2/b2845ae8b54ac0d194a6392aeb3951b99ab39115.jpg
https://s9.kh1.co/__image/w=300,h=187,q=100/7f/7f3e16a1299772e54ef729c9b6a8e441b462c36d.jpg

သတင်း အရင်းအမြစ်Jpninfo

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T