လားရှိုးမြို့၊ရပ်ကွက် (၆)တွင် ချောင်းရေကြီးမှုကြောင့် အမျိုးသားအလောင်းတစ်လောင်း ရေစီးထဲတွင်မျောပါလာခဲ့တဲ့ဖြစ်စဉ်

//s9.kh1.co/de/de5e08be5403704f4268c29a48fa1832c0730de3.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လားရှိုးမြို့၊ရပ်ကွက် (၆)တွင် ချောင်းရေကြီးမှုကြောင့် အမျိုးသားအလောင်းတစ်လောင်း ရေစီးထဲတွင်မျောပါလာခဲ့တဲ့ဖြစ်စဉ်

မိုးရာသီကာလတွင် မြန်မာပြည်တွင်းက တချို့နေရာတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။လွန်ခဲ့တဲ့လတွေက မြဝတီမြို့မှာဆိုရင်လည်း မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးခဲ့လို့ ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာမှာရှောင်တိမ်းနေထိုင်ခဲ့ရပါတယ်။မနေ့က၊ စက်တင်ဘာလ (၂၀)ရက်နေ့ကဆိုရင်လည်းလားရှိုးမြို့မှာ မိုးရွာသွန်းမှုကြောင့် ရပ်ကွက်(၆)၊နယ်မြေ(၄) မှာ အိမ်အမှတ် (၅၉)နောက်ရှိ ရေချောင်းထဲတွင်ရေလျှံပြီးရေကြီးခဲ့ပါတယ်။

Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

ရေကြီးနေတဲ့အချိန်မှာ ချောင်းထဲတွင် အမျိုးသားအလောင်းတစ်လောင်း မျောပါလာခဲ့တာဖြစ်ပါတယ်။အိမ်အမှတ်(၅၉) မှ မိသားစုဝင်တစ်ဦးက ဆက်သွယ်အကြောင်းကြားလာခဲ့တာကြောင့် ဖြစ်စဉ်နေရာကို လားရှိုးမြို့၊မြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ရပ်ကွက်(၆)အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လာရောက်ခဲ့ကြပါတယ်။ဒါ့အပြင်လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှလည်း အမျိုးသားအလောင်းကို ရေထဲမှဆယ်ပေးခဲ့ကြပါတယ်။

Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

ရုပ်အလောင်းကိုတော့ လားရှိုးပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီနေရာမှတဆင့် ရင်ခွဲရုံကို (PR-001)ဖြင့် လူမှုကူညီရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။လားရှိုးမြို့မှာတော့ ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူတွေလည်း သွားလာရေးဂရုစိုက်နေရတာဖြစ်ပါတယ်။မနေ့က ညနေမှာ လားရှိုးမြို့တွင်ရေကြီးမှုကြောင့် လူတစ်ယောက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်လည်ရေးသားမျှ​ဝေပေးလိုက်ပါတယ်။

Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

Source&Photo Credit: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T