ရဲဘော်တွေကို အသက်နဲ့ရင်းပြီးကာကွယ်သွားတဲ့သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်လို့ ယူကျုံးမရဖြစ်နေကြတဲ့ KPDF လူငယ်များ

//s9.kh1.co/3b/3b86011bd85b4dd15a08ccb315c36f423c2ffdcc.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရဲဘော်တွေကို အသက်နဲ့ရင်းပြီးကာကွယ်သွားတဲ့သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်လို့ ယူကျုံးမရဖြစ်နေကြတဲ့ KPDF လူငယ်များ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့က ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာရွာ၊ (၅)မိုင် (၆)မိုင်နား တိုက်ပွဲမှာတော့ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲမှာ KPDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားပြီး (၄)ဦးဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲကောင်းအတွက် ရဲဘော်တွေအားလုံးက စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ KPDF လူငယ်လေးက ခြေထောက်ကျည်ထိထားကို ရဲဘော်တွေအရှေ့ လက်နက်ကြီးကျလို့ ဝင်ခံပေးရင်း ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ KPDF ရဲဘော်တွေက ဒီလူငယ်လေးရဲ့ကျဆုံးမှုကို ယူကျုံးမရဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲဘော်တွေက သူတို့ကိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးသွားတဲ့ သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်တဲ့အပေါ် ဝမ်းနည်းနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

KPDF အဖွဲ့ဝင်တစ်ဦးကတော့ "ရဲဘော် မင်းရဲ့ Dead Body ကို ငါတို့မရရအောင် ပြန်ကောက်နိုင်ခဲ့တယ် အသက်မရှိတော့တဲ့ မင်းရဲ့body ကိုပဲပြန်ယူလာပေးနိုင်လို့ ငါတို့တစ်ဖွဲ့လုံးတောင်းပန်ပါတယ်ကွာ ငြိမ်းချမ်းကောင်းမွန်စွာ အနားယူပါတော့ရဲဘော်" ဆိုပြီး ဝမ်းနည်းကြောင်းစကားဆိုထားတာ ဖြစ်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ရဲဘော်တွေက တိုက်ပွဲမှာအသက်ပေးသွားတဲ့ သူရဲကောင်းအတွက် သူတို့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟခဲ့ကြတာလည်း ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကျဆုံးသူရဲကောင်းလေးရဲ့ရုပ်အလောင်းကို မြေမြုပ်ပြီး သင်္ဂြိုဟ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဒီသူရဲကောင်းလေးအပြင် နောက်ထပ်ရဲဘော်တစ်ဦးလည်း ကျဆုံးသွားကြောင်းသိရပြီး အလောင်းကိုတော့ အခုထိပြန်သယ်လို့မရသေးကြောင်း သတင်းထပ်မံသိရှိရတာ ဖြစ်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T