မြဝတီမြို့ အောင်မြေရွှေဘုံ (၂) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ပြီး (၁) ဦးသေဆုံး၊ (၂) ဦး အပြင်းထန်ဒဏ်ရာရ

//s9.kh1.co/da/da6b65e0b800ef9622dc1c4bbacc6898f9effcc4.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အဲ့ဒီနေရာမှာပဲ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ......

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံ (၂) လမ်းက နေအိမ်တစ်လုံးမှာ မနေ့ညပိုင်း ၇ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် (၁) ဦးသေဆုံးပြီး၊ (၂) ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အိမ်တွင်ငှားရမ်းနေထိုင်သူ အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့ မွန်ပြည်နယ်ကနေ လာရောက်နေထိုင်တဲ့ အသက်(၁၉) နှစ်အရွယ်အမျိုးသားတစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

"ပတ်ဝန်းကျင်ကတော့ အမျိုးမျိုးပြောနေကြတာပဲ၊ လက်လုပ်ဗုံး စမ်းနေရင်း ထပေါက်တာလို့လည်း ပြောနေကြတယ်၊ တစ်ယောက်သေတယ်လည်း ကြားတယ်။ မကြာခင်မှာ ရဲတွေတပ်တွေ ရောက်လာတယ်။ မနေ့ကည (၇) နာရီကျော်အချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အဲ့ဒီနေရာမှာပဲ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုထပ်မံတွေ့ရှိခဲ့တယ်လို့" ဒေသခံတစ်ဦးကပြောပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

နေအိမ်အတွင်း ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အခင်းဖြစ်နေအိမ်တွင် တွေ့ရှိတဲ့ အမျိုးသမီးသုံးဦးတို့ကို ခရိုင်ရဲတပ်ဖွဲမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ထက်မနည်း လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီကလည်း ည(၈)နာရီကနေ မနက်(၄) နာရီအချိန်အထိ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T