လူနာတွေ ထူးဆန်းစွာ ပျောက်ဆုံးသွားတာကြောင့် ပိတ်သိမ်းခဲ့ရတဲ့ ဆေးရုံကြီး

//s9.kh1.co/0f/0f38ee298cfc7d76af3c703dbe485def0f50ee15.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံ မှာရှိတဲ့ Gonjiam ဆေးရုံဟာ ကမ္ဘာပေါ်တွင် ကမ္ဘာ့ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ဆေးရုံအဖြစ် နာမည်ကြီးပါတယ်။ ဒီဆေးရုံကြီးရဲ့ နာမည်ကြီးနေရတဲ့ အကြောင်းရင်းကတော့ ဆေးရုံမှာ လာရောက် ကုသနေတဲ့ လူနာတွေဟာ ထူးဆန်းစွာ သေဆုံးကုန်ကြပြီး ဆေးရုံဆင်းခွင့်ရခါနီး ဖြစ်တဲ့ လူနာတွေဟာလည်း လူမသိသူမသိ ပျောက်ဆုံးသွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/75/7510ffc5579252fb887ea5d417dc294edf680149.jpeg

လူတွေပျောက်ဆုံးတာများလာတဲ့အခါမှာတော့

ပျောက်ဆုံးသွားတဲ့ လူမမာတွေရဲ့ လူနာရှင်တွေက မကျေနပ်ဖြစ်ပြီး ဒီဆေးရုံကြီးကို တရားစွဲဆိုခဲ့ကြပါတယ်။

ဒါ့ကြောင့်ဆေးရုံပိုင်ရှင်ဟာလည်း ပြည်ပနိုင်ငံတစ်ခုကို ထွက်ပြေးသွားခဲ့ရပြီး ဆေးရုံကိုလည်းပိတ်သိမ်းခဲ့ရတာ နှစ်တော်တော်ကြာနေပြီပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရတော့ ဆေးရုံကို သန့်ရှင်းမှုမရှိ၍ ပိတ်ခဲ့ရသည် ဟုဆိုခဲ့သော်လည်း တခြားအကြောင်းရင်းတွေရှိနေသေးတယ်လို့ ယုံကြည်နေကြသူတွေ လည်းရှိပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/c1/c1351073a36bf00522c5a646f6d6d888c6badca4.jpg
https://s9.kh1.co/__image/w=600,h=400,q=100/dd/dd96f77e9819a0b0ca798def38dd783f8690106f.jpg

အဲ့ဒီနောက်မှာတော့ ဒီဆေးရုံကြီးဟာ တိတ်ဆိတ်ခြောက်ချားစရာကောင်းတဲ့ နေရာတစ်ခုအဖြစ်ရှိနေခဲ့သလို ယုံတမ်းပုံပြင်တွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဆေးရုံကြီးမှာ သေဆုံးသွားသူတွေဟာမကျွတ်မလွတ်ပဲ ခြောက်လှန့်နေကြတယ်လို့လည်း ပြောဆိုခဲ့ကြတာကြောင့် ဒီဆေးရုံကြီးဟာ သရဲခြောက်တဲ့ ဆေးရုံကြီးလို့လည်း နာမည်ကြီးပါတယ်။

သရဲအကြောင်းရိုက်ကူးတဲ့ လူတွေကလည်း ဒီဆေးရုံကြီးထဲမှာ သရဲလာရှာလေ့ရှိကြသလို လေ့လာစူးစမ်းသူတွေလည်း ဒီဆေးရုံကြီးရဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေကို လာရောက်စူးစမ်းလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=448,q=100/0a/0a8b0f1cbdb4dbb8affac9f1b26d229befee4e09.jpg
https://s9.kh1.co/__image/w=600,h=600,q=100/df/dfa0d3ad40b81dad68f8962629a958f93ca80c6d.jpg

သတင်း အရင်းအမြစ်atlasobscura

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T