လပြည့်နေ့အတွက် သူငယ်ချင်းတွေနဲ့ စုပေါင်းအလှူပြုလုပ်ခဲ့တဲ့ လင်းအောင်ခေတ်

//s9.kh1.co/1e/1eab4f265d6d031dd9accf5d1c24a985d6e5310d.jpg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေအတွက် တစ်နိုင်တစ်ပိုင်ကူထားတဲ့အလှူလေးကို သာဓုခေါ်ချင်တယ်ဆိုရင်တော့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကိုဗစ်ကာလမှ စလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချို့မှာ အဆင်မပြေမှုတွေစတင်ဖြစ်ပေါ်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုတချို့ဟာဆိုရင် ရပ်တန့်ခဲ့ပါတယ်။ဒါကြောင့်မို့ ပြည်သူအချို့ဟာ အခက်အခဲများနှင့်ပိုမိုကြုံတွေ့ လာကြပါတယ်။အလုပ်လက်မဲ့ဖြစ်ခြင်း၊စီးပွားရေးလုပ်ငန်းများ ပျက်ဆီးခြင်း အစရှိတဲ့ ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတော့တယ်။

Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon

ဒါ့အပြင် ယခုကာလလို တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်လာတဲ့အခါ ကုန်စျေးနှုန်းတွေဟာ အရင်ထက်အဆမတန်တက်လာပါတယ်။လုပ်ငန်းလည်ပတ်ခြင်းရပ်တန့်မှုတွေဟာလည်း အရင်ကထက် ပိုမိုများပြားလာတဲ့အတွက် အလုပ်လက်မဲ့ဖြစ်လာရသူတွေ ပိုမိုများပြားလာပါတယ်။တချို့မိသားစုတွေမှာဆို အလုပ်လက်မဲ့အပြင် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုတွေပါရှိတဲ့အတွက် အရမ်း ခက်ခဲနေကြတာမျိုးတွေဖြစ်နေကြတာပါ။

Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon

မော်ဒယ်နှင့်မင်းသား လင်းအောင်ခေတ်ဟာဆိုရင် အနုပညာမှာထူးချွန်ရုံသာမက အလှူအတန်းအစရှိတဲ့ပရဟိတလုပ်ငန်းများကိုလည်း တောက်လျှောက် ပါဝင်ကူညီနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ယမန်နေ့ စက်တင်ဘာ(၂၀) က ကျရောက်ခဲ့တဲ့ တော်သလင်းလပြည့်နေ့ မှာလည်း အလှူရှင်တွေအနေနဲ့ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။မော်ဒယ်နှင့်သရုပ်ဆောင် မင်းသား လင်းအောင်ခေတ် နဲ့ သူငယ်ချင်းများက လည်း ခက်ခဲနေတဲ့ပြည်သူအချို့အတွက် အလှူဒါနပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့လှူဒါန်းမှုပြုလုပ်နေတဲ့ပုံရိပ်အချို့ကို ပရိတ်သတ်ကြီးကြည့်ရှုခံစားလို့ရအောင်ဖော်ပြလိုက်ရပါတယ်။

Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Photo Credit From Lin Aung Khit
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T