ကျောက်ကပ်ဝေဒနာကြောင့် ဖောယောင်နေတဲ့ခြေထောက်ကို ဆေးတွေလူးပြီး ဖြစ်သလိုကုသနေရတဲ့ ငွေကြေးချို့တဲ့သူအဖိုးအို

//s9.kh1.co/69/69693b06e0900b209a36720600950c4c7f3bf533.png
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ကျောက်ကပ်ဝေဒနာခံစားရတဲ့အချိန်မှာ ခြေတွေလက်တွေဖောယောင်လာပြီး ပြင်းထန်တဲ့ ဝေဒနာတွေကို လည်းခံစားရပါတယ်။ ဒီလိုအခြေအနေမှာ ကောင်းမွန်တဲ့ကုသမှုတစ်ခုကို သေသေချာချာခံယူပြီး စနစ်တကျနေထိုင်စားသောက်ရပါတယ်။ ချို့တဲ့လွန်းတဲ့ဘဝတွေမှာတော့ ဆေးကုသဖို့မဆိုထားနဲ့ စားရေးသောက်ရေးတောင် အတော်လေးခက်ခဲလွန်းပါတယ်။ ကျောက်ကပ်ဝေဒနာကို အပြင်းအထန် ခံစားနေရတဲ့ အသက် (၇၅) နှစ်အရွယ် အဘတစ်ယောက်ဟာ ဖောယောင်နေတဲ့ သူ့ရဲ့ခြေထောက်ကို ဆေးတွေလူးပြီး ဖြစ်သလိုထားထားရတဲ့အခြေအနေဟာ စိတ်မကောင်းစရာပါ။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

ဒီအဘကို လူရွှင်တော်မိုးစက်ဟာ အရင်တစ်ခေါက်ကလည်းကူညီပေးထားသလို အခုတစ်ယောက်မှာ လည်း အဘအတွက်ဆေးကုသပေးမယ့်အပြင် အလှူငွေတစ်သိန်းနဲ့ ဆန်တစ်အိတ်ကိုလည်း ထပ်မံလှူဒါန်းပေးခဲ့ပါသေးတယ်။ ချို့တဲ့သူအဘဟာလည်း ဒီလိုအလှူငွေလေးကြောင့် အတိုင်းအတာတစ်ခုထိအဆင်ပြေသွားခဲ့မှာပါ။ နွမ်းပါးသူတွေကို မကြာခဏဆိုသလိုလှူဒါန်းပေးတဲ့ မိုးစက်ဟာ အလှူခံတာသိပ်မရှိဘဲ သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ပဲ လှူဒါန်းတာများပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

ဒီတစ်ခေါက်မှာတော့ ဒီအဘအတွက်ဝိုင်းဝန်းလှူဒါန်းပေးခဲ့တာကြောင့် ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်းကို အခုလိုအဆင်ပြေပြေလှူဒါန်းနိုင်ခဲ့ပါတယ်။ အဘအတွက်လည်း ဆေးခန်းပြပေးမယ့်အကြောင်း အားလုံးဝမ်းသာရအောင် အသိပေးခဲ့ပါသေးတယ်။ အဘလည်း စနစ်တကျဆေးကုသမှုခံယူပြီး ခံစားနေရတဲ့ဝေဒနာအားလုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

သတင်း အရင်းအမြစ်Moe Sat's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T