ဂျာမနီနိုင်ငံက ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ တီတီအူဝဲအတွက် ဂုဏ်ယူနေပြီး မကြာခင်အိမ်ပြန်လာနိုင်ဖို့မျှော်လင့်နေတဲ့တူမဖြစ်သူမေတိုးခိုင်

//s9.kh1.co/2b/2bfa488372e0f183d10b3c79405cf59c3b6a7a55.jpeg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဂျာမနီနိုင်ငံက ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ တီတီအူဝဲအတွက် ဂုဏ်ယူနေပြီး မကြာခင်အိမ်ပြန်လာနိုင်ဖို့မျှော်လင့်နေတဲ့တူမဖြစ်သူမေတိုးခိုင်

အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနဲ့ တူမဖြစ်သူမေတိုးခိုင်တို့ကတော့ နွေဦးတော်လှန်ရေးစကတည်းက လှုပ်ရှားခဲ့ကြသူတွေဖြစ်လို့ ၅၀၅(က)စာရင်းထဲမှာလည်းပါဝင်ခဲ့ကြပါတယ်။ပြေတီဦး၊အူဝဲ နဲ့ မေတိုးခိုင်တို့သုံးယောက်လုံးကဧပြီလထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှာတော့ မေတိုးခိုင်က ပြန်လည်လွတ်မြောက်လာပြီးမိသားစုနဲ့အတူနေထိုင်နေပြီဖြစ်လို့ ပရိသတ်တွေလည်း သူမအတွက်စိတ်အေးနေကြပြီဖြစ်ပါတယ်။

Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc

အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အခုချိန်ထိမလွတ်မြောက်သေးတာကြောင့် ပြည်သူတွေရဲ့ရင်ထဲမှာတော့ နေ့တိုင်းနီးပါးသတိရနေကြတာဖြစ်ပါတယ်။အူဝဲကတော့ အကျဉ်းထောင်ထဲရောက်နေပေမယ့် သူမရဲ့အနုပညာကတော့ ကမ္ဘာမှာပါကျော်ကြားနေတာဖြစ်ပါတယ်။စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း အူဝဲပါဝင်သရုပ်ဆောင်ထားတဲ့ "What happened to the wolf"ဇာတ်ကားနဲ့ ဂျာမနီနိုင်ငံမှာ Seymour Cassel Award for Best Performance ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc

ပရိသတ်တွေနဲ့ အနုပညာရှင်တချို့ကလည်း အူဝဲအတွက် ဂုဏ်ယူနေကြတာဖြစ်ပြီး သူမရဲ့အရည်အသွေးတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။တူမဖြစ်သူ မေတိုးခိုင်ကတော့ အရာအားလုံးကိုကြိုးကြိုးစားစားဆောင်ရွက်တတ်တဲ့ အဒေါ်ဖြစ်သူအူဝဲအတွက် ပီတိဖြစ်မိနေတာဖြစ်ပါတယ်။"မကြာခင်အိမ်ပြန်လာပါ"ဆိုပြီးတော့လည်း သူမရဲ့ဆန္ဒကိုရေးသားထားတာဖြစ်ပါတယ်။အူဝဲရဲ့မိသားစုနဲ့ထပ်တူ ပရိသတ်တွေကလည်း သူမရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc
Photo Credit: May Toe Khine’s Instagram Acc

Source&Photo Credit: May Toe Khine’s Instagram Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T