Oarfish လို့ခေါ်တဲ့ ဒီငါးတွေဟာ အလွန်တွေ့ရခဲလှတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီငါးတွေဟာ ကမ္ဘာ့အကြီးဆုံး အသားစားငါးမျိုးစိတ်ထဲမှာပါဝင်ပြီး ပုံမှန်ငါးတွေထက်လည်း အရွယ်အစားကြီးမားသလို ရှည်လျားတဲ့ ခန္ဓာကိုယ်လည်းရှိတဲ့ ငါးတွေပဲ ဖြစ်ပါတယ်။
ဒီငါးတွေဟာ ရေနက်ပိုင်းမှာပဲ အနေများတဲ့အတွက် တွေ့မြင်ဖို့ခက်ခဲလှပြီး တစ်ခါတစ်ရံ ရေပေါ်တက်လာမှပဲ တွေ့မြင်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီ Oarfish ကိုအပူပိုင်းဒေသတွေမှာ အတွေ့များပြီး သူတို့ရဲ့ ပျမ်းမျှအရွယ်အစားဟာ ၁၀ပေမှ ပေ ၅၀အထိ ရှိတတ်ပါတယ်။
ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲမှာလည်းအရွယ်အစားကြီးမားလှတဲ့ Oarfish တစ်ကောင်ကို လူတော်တော်များများက ဝိုင်းမထားတာကို မြင်တွေ့ရမှာပါ။
Oarfish တွေဟာ သူတို့ရဲ့အရွယ်အစားနဲ့ ပုံပန်းသွင်ပြင်ကြောင့် ဒဏ္ဍာရီထဲက မွန်းစတားအကောင်တွေလားလို့တောင်ထင်မှတ်ရနိုင်သလို တစ်ချို့သူတွေကတော့ Sea of Serpent လို့လည်းခေါ်ကြပါတယ်။
နောက်ပိုင်းမှာတော့ Oarfish တွေကို တွေ့ရတာတော်တော်လေးနည်းလာပြီး မျိုးတုန်းလုနီးပါး ဖြစ်နေတဲ့ ငါးမျိုးစိတ်ထဲ ပါဝင်နေပြီလို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia