ထိုင်းနိုင်ငံမှာ အသက်(၁၀)နှစ်မှ (၁၈) နှစ်ကြားကလေးတွေကို ကျောင်းပြန်ဖွင့်မယ့်ရက်မတိုင်ခင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ မြင်ကွင်း

//s9.kh1.co/11/11a1a3dab6e2b28d9de6b92c4043349ebcdabb97.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းနိုင်ငံမှာ အသက်(၁၀)နှစ်မှ (၁၈) နှစ်ကြားကလေးတွေကို ကျောင်းပြန်ဖွင့်မယ့်ရက်မတိုင်ခင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ မြင်ကွင်း

ထိုင်းနိုင်ငံမှာတော့ လူပေါင်းများစွာကိုဗစ်ကူးစက်ခံနေရဆဲဖြစ်ပြီး သေဆုံးသူတွေလည်းရှိနေတာဖြစ်ပါတယ်။ဒါ့ကြောင့် ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျထုတ်ပြန်ထားပြီး တခြားနိုင်ငံမှလာရောက်မယ့်ဧည့်သည်တွေကိုတောင်လက်မခံခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကမှ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတိုင်းကို ပြည်တွင်းဝင်ခွင့်ပေးမယ်လို့ ကြေငြာခဲ့ပေမယ့် ဘန်ကောက်ခရိုင်အုပ်ချုပ်ရေးမှူးက ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 

လတ်တလောမှာတော့ ထိုင်းနိုင်ငံသူ၊နိုင်ငံသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေကြပြီး အသက် (၁၀) နှစ်မှ(၁၈)နှစ်ကြား ကလေးတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးဦးမှာဖြစ်ပါတယ်။ကျောင်းသားလူငယ်များကိုစက်တင်ဘာလ (၂၀)ရက်နေ့မှစတင်ပြီး စီနိုဖမ်ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ကြောင်းသိရပါတယ်။ကလေးတွေကလည်း မြန်မြန်ကျောင်းတက်နိုင်ရဖို့အတွက် ကာကွယ်ဆေးကိုထိုးနှံနေကြတာပဲဖြစ်ပါတယ်။

Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 

ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့စာသင်ကျောင်းများကိုတော့ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါ့ကြောင့် ကျောင်းပြန်ဖွင့်မယ့်ရက်မတိုင်ခင်မှာကလေးများအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတော့ မကြာခင်မှာပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ဖို့အတွက် ပြည်သူတွေအကုန်လုံးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 
Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 

Source&Photo Credit:ဘန်ကောက်လမ်းညွှန်ကိုစိုင်း Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T