ကားမတော်တဆမှုဖြစ်လို့ ဆေးရုံးတက်ရာမှ ရည်စား ၁၇ ယောက်ရှိတာ ပေါ်သွားတဲ့အပြင် အဖမ်းပါခံလိုက်ရတ‌ဲ့ တရုတ်အမျိုးသား

//s9.kh1.co/64/647430688c35c87c886ec665406f8d6a3f1d428f.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ် နိုင်ငံသား အမျိုးသားတစ်ယောက်ဟာ ကားတိုက်မှု ဖြစ်ရာကတဆင့် ဆေးရုံတက်နေတုန်းမှာ တစ်ပြိုင်တည်း ရည်းစား ၁၇ ယောက်ထားတာ ပေါ်ပေါက်သွားခဲ့ပါတယ်။ ကားမတော်တဆမှုဖြစ်လို့ ဆေးရုံတက်နေတဲ့သူ့ကို လူနာသတင်း လာမေးတဲ့ ရည်းစားတွေ ဆေးရုံမှာ လာဆုံကြရာတဆင့် သူ့မှာ ရည်းစား ၁၇ ယောက်အထိရှိနေကြောင်း သိသွားခဲ့ကြတာဖြစ်ပါတယ်။ ရည်းစား ၁၇ ယောက်ထဲက အမျိုးသမီးတစ်ဦးနဲ့ဆိုရင် ကလေးတစ်ယောက်ပါ ရနေခဲ့ကြောင်း ပြည်တွင်းမီဒီယာ တွေက ရေးသားဖော်ပြကြပါတယ်။

https://s9.kh1.co/__image/w=634,h=438,q=100/34/34c62913b62d0f6092c20ceb166cf2c3ae8f0bca.jpg
https://s9.kh1.co/__image/w=306,h=382,q=100/a1/a1b389e49bf230eb2aeba0e5f0c2311c31886b92.jpg

ဟူနန်ပြည်နယ် ချန်ရှားမြို့မှာ နေထိုင်တဲ့ ယူအန်ဆိုသူ အမျိုးသားက အခုလို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မစ္စတာယူအန်ရဲ့ မြောက်မြားလှစွာသော ရည်းစားတွေထဲက တစ်ချို့ဆိုရင် ချစ်ကြိုက်လာတာ ဆယ်နှစ်လောက် ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ဖို့အထိ အစီအစဉ်ဆွဲထားသူ အမျိုးသမီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ‘‘ သူကားမတော်တဆမှု ဖြစ်တယ်ကြားလို့ ကျွန်မအရမ်း စိတ်ပူခဲ့ရတာပါ။ ဒါပေမယ့် ဆေးရုံမှာ လှလှပပ ကောင်မလေးတွေကို သူ့ဘေးနား တွေ့လိုက်ရတယ်လေ။ ကျွန်မ ဒီထက်ပိုပြီး ဝမ်းမနည်းချင်တော့ဘူး’’ လို့ ယူအန်နဲ့ ချစ်ကြိုက်တာ ၁၈ လလောက်ရှိနေပြီဖြစ်တဲ့ ရှောင်လီဆိုသူ အမျိုးသမီးက ပြောပါတယ်။

https://s9.kh1.co/__image/w=634,h=507,q=100/4f/4f31603e86b569b938aa487319475facaa4beb7a.jpg
https://s9.kh1.co/__image/w=634,h=444,q=100/93/932fd376f8259ac94f79b91f833fd7fd1a9827f0.jpg

ဒီအမျိုးသားဟာ အခုလို အမျိုးသမီးမြောက်မြားစွာနဲ့ တွဲခဲ့ရုံသာမက သူ့ရည်းစားတွေဆီက ငွေအချို့ကိုလည်း လိမ်လည်ပြီး ယူဆောင်ခဲ့တယ်လို့ China Daily သတင်းစာက ဖော်ပြထားပါတယ်။ ဒါတင်မကပဲ တောင်ပိုင်းဗဟိုတက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ရထားတယ်လို့ လူအများကို သူကပြောထားပေမယ့်လည်း တကယ်တမ်းမှာ အလယ်တန်းအထိပဲ ကျောင်းတက်ဖူးတဲ့သူ ဖြစ်နေပါတယ်။ ခုလိုမျိုးလိမ်လည်မှုတွေကြောင့် သူဟာ အဖမ်းခံလိုက်ရပြီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=323,q=100/4f/4f5d1180ed39e66a4f618ff2cc02641b1692938e.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T